27 C
Yangon

ကျိုက်ထိုမြို့နယ်တွင် လက်နက်ကိုင် ပျူစောထီး လှဌေး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ကျိုက်ထိုမြို့နယ်တွင် လက်နက်ကိုင် ပျူစောထီး လှဌေး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဇူလိုင် ၅

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် လက်နက်ကိုင် ပျူစောထီး လှဌေးကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း PDF ၊ တပ်ရင်း – ၇၈၀၅ ၊ တပ်ခွဲ – ၄ ၊ UG အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၁ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ကျိုက်ထိုမြိုနယ်၊ ကျိုက်ပိကျေးရွာမှ လက်နက်ကိုင်ဆောင်ထားသော ပျူစောထီး ပြည်သူ့စစ် အဖွဲ့ဝင် လှဌေးကို PDF ၊ တပ်ရင်း – ၇၈၀၅ ၊ တပ်ခွဲ – ၄ ၊ UG အဖွဲ့မှ ရဲဘော်များက ဖက္ကလိပ်ကျေးရွာ ကျားတဲလမ်းဆုံ ဘိလိယက်ခုံရှေ့ စစ်ကောင်စီ တပ်သားများ နေ့စဉ် စစ်ဆေးရေး ပြုလုပ်လျက်ရှိသောနေရာတွင် ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ပျူစောထီး လှဌေးသည် အကြမ်းဖက် စစ်ကောင်စီတပ်သားများနှင့် အတူနေထိုင်ကာ တော်လှန်ရေး အဖွဲ့ဝင်များ တော်လှန်ရေး ထောက်ပို့များ၏ သတင်းများကို လိုက်လံစုံစမ်း၍ စစ်တပ်ကို သတင်းပေးဖမ်းခိုင်းသူဖြစ်ကြောင်း၊ ထို့ပြင် ကျိုက်ထိုမြို့တွင် အကြမ်းဖက် စစ်တပ်မှ စစ်ဆေးရေး လုပ်ငန်းများတွင်လည်း ယူနီဖောင်းဝတ် သေနတ်ကိုင်ကာ လိုက်ပါဆောင်ရွက်ပေးနေသူ ဖြစ်ကြောင်း သိရှိရသည်။

“ပြည်သူတွေ အနေနဲ့ စစ်ကောင်စီ တပ်သားတွေရှိတဲ့ နေရာကို သွားလာတွေ မလုပ်ဖို့ ပြောချင်ပါတယ်။ ကျန်တော်တို့ ရဲဘော်တွေတော့ အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည် ဆုတ်ခွာလာနိုင်ခဲ့တယ်။ ဆက်လက်ပြီး စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမယ်” ဟု PDF ၊ တပ်ရင်း – ၇၈၀၅ ၊ တပ်ခွဲ – ၄ ၊ UG အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article