26 C
Yangon

သာကေတမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်မှု ဖြစ်ပွားပြီး လူသေဆုံးမှု တချို့ရှိသော်လည်း စစ်ကောင်စီက သတင်း အမှောင်ချ ဖုံးထား

Must read

သာကေတမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်မှု ဖြစ်ပွားပြီး လူသေဆုံးမှု တချို့ရှိသော်လည်း စစ်ကောင်စီက သတင်း အမှောင်ချ ဖုံးထား

သာကေတွင် လမ်းဘေး အစားအသောက်ဆိုင်နှင့် စျေးဆိုင်များအားလုံး ဇူလိုင်လ ၁၂ ရက်နေ့ အထိ ပိတ်ထားရန် စစ်တပ်က ကြေညာ

ရန်ကုန်၊ ဇူလိုင် ၆

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်မှု ဖြစ်ပွားပြီး လူသေဆုံးမှုတချို့ ဖြစ်ပေါ်ခဲ့သော်လည်း စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်းမရှိဘဲ သတင်းကို ဖုံးထားကြောင်း သိရှိရသည်။

ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်မှု ဖြစ်ပွားမှုကြောင့် လူသေဆုံးမှုရှိခဲ့သော သာကေတမြို့နယ်တွင် လမ်းဘေး အစားအသောက်စျေးဆိုင်များ ဇူလိုင်လ ၁၂ ရက်နေ့ အထိ ပိတ်ထားရန် စစ်တပ်နှင့်ရပ်ကွက်အုပ်ချုပ်ရေးအာဏာပိုင်များက လော်စပီကာဖြင့် ယမန်နေ့ညပိုင်း လိုက်လံ ကြေညာကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

“သာကေတ ၁၀ ရပ်ကွက်ထဲမှာ လူသေတယ်လို့ပြောတယ်။ မနေ့ညက လမ်းဘေး အစားအစာဆိုင်တွေအားလုံး ပိတ်ဖို့လိုက်ကြေညာတယ်။ နောက်ပြီး ဆေးရုံတွေမှာလည်း ဝမ်းပျက်ဝမ်းလျှောတွေ ပြည့်နေတယ်။ ကျန်းမာ ရေးဌာနဲ့ စစ်တပ်က ကွင်းဆင်းလိုက်စစ်တာတွေလည်း လုပ်နေတယ်။ ဝမ်းပျက်ပြီး လူသေတာကိုတော့ ကြေညာတာမရှိဘူး။ သေတာကတော့ သေသွားပြီ” ဟု သာကေတမြို့နယ်မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

သာကေတမြိုနယ်ရှိ ရပ်ကွက်တချို့တွင် ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားလျက်ရှိသဖြင့် လက်သုပ်၊ တုတ်ထိုးနှင့် အစားအစာများ ရောင်းချသည့် ဆိုင်များ ဇူလိုင် ၁၂ ရက်ထိ ပိတ်ထားရန် လော်စပီကာဖြင့် လိုက်လံကြေညာကြောင်း၊ ညွှန်ကြားချက်ကို မလိုက်နာပါက ဖမ်းဆီး အရေးယူမည်ဖြစ်ကြောင်း စစ်တပ်က ကြေညာသည်ဟု သိရှိရသည်။

“ဒီနေ့ကစပြီး ဇူလိုင်လ ၁၂ ရက်နေ့အထိ လမ်းဘေး အစားအသောက်ဆိုင် ဘယ်ဆိုင်မှ မဖွင့်ရဘူး။ ဖွင့်ရင် အဖမ်းအဆီးခံရမယ်လို့ပြောတယ်။ ” ဟု သာကေတမြို့နယ်၊ ၇ ရပ်ကွက်မှ စျေးသည်တစ်ဦးက ဆိုသည်။

သာကေတမြို့နယ်အပါအဝင်မြို့နယ်တချို့တွင် လူသေဆုံးမှုရှိသော ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှု အလွန်များပြားနေသော် လည်း စစ်ကောင်စီက တရားဝင် သတင်းထုတ်ပြန်ခြင်းမရှိဘဲ စျေးသည်များကို စျေးပိတ်ခိုင်းခြင်းဖြင့် ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရန် ကြိုးစားနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- လူသေဆုံးသည်အထိ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေသော သာကေတမြို့နယ်တွင် ယမန်နေ့ စစ်တပ်နှင့် ကျန်းမာရေးဝန်ကြီးဌာနက ကွင်းဆင်း စစ်ဆေးနေစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article