26 C
Yangon

မိုးမိတ်မြို့တွင် တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် နေအိမ်များ ပျက်စီးကာ ပြည်သူများ ထိခိုက်မှုရှိ

Must read

မိုးမိတ်မြို့တွင် တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် နေအိမ်များ ပျက်စီးကာ ပြည်သူများ ထိခိုက်မှုရှိ

ရန်ကုန်၊ ဇူလိုင် ၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့တွင် တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် နေအိမ်များ ပျက်စီးကာ ပြည်သူများ ထိခိုက်မှုရှိကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။

ယနေ့ ဇူလိုင်လ ၆ ရက်နေ့တွင် မိုးမိတ်မြို့၊ အကြမ်းဖက် စစ်တပ် အနီးရှိ လယ်ကြီးရပ်ကွက်နှင့် ရွှေဇာလီ ရပ်ကွက်တို့တွင် တိုက်ပွဲများ ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က လက်နက်ကြီး ၊ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် လက်ခုပ်တန်းရပ်ကွက်မှ နေအိမ် ၁၀ လုံး ထက်မနည်းပျက်စီးကာ ပြည်သူများလည်း ထိခိုက်မှုရှိကြောင်း သိရသည်။

“အခုလက်ရှိကတော့ လက်ခုပ်တန်း၊ လယ်ကြီးနဲ့ ရွှေဇာလီ မှာ တိုက်ပွဲဖြစ်နေတယ်။ စက်လက်သံတွေပါ ကြားနေရတယ်။ လက်နက်ကြီးသံတွေလည်း ကြားနေရတယ်။ ရွှေဇာလီဘက်ကိုလည်း တက်လုံးနေတယ်လို့ ကြားနေရတယ်။ မြို့ထဲကို ဒရုန်းတွေနဲ့ ဝဲပြီးတော့ ဗုံးသီးတွေလာလာချတယ်။ ၉ မိုင် လောက်ဝေးတဲ့ရွာကနေကို အသံအကျယ်ကြီးကြားရတယ်။ လက်ခုတ်တန်းမှာတော့ အိမ်တွေ အများကြီး ထိထားတယ်။ အိမ်ပေါင်း ၁၀ လုံးထက်မနည်းထိထားတယ်လို့ ကြားရတယ် အတည်တော့ မပြုနိုင်သေးဘူး။ အကြမ်းဖက် စစ်တပ်က ပစ်တဲ့ လက်နက်ကြီးနဲ့ ဒရုန်းတွေကျဲတာကြောင့် ထိထားတာ။ ပြည်သူတွေလည်း ဒဏ်ရာရတာရှိတယ်။ အခု လက်ရှိထိတော့ ဆေးကုသနေတုန်းလို့သိရတယ်။ ဘယ်နှဦးလည်း ဆိုတော့ မသိရသေးဘူး” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇူလိုင်လ ၆ ရက်နေ့ ညနေပိုင်းတွင် အကြမ်းဖက် စစ်တပ်က ရွှေဇာလီ ရပ်ကွက်ကို Y12 လေယာဉ် ၂ စီးဖြင့် လာရောက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ရွှေဇာလီဘက်ကနေ တိုက်ပွဲဖြစ်တာ အခုက မြို့ဘက်ထဲ အထိရောက်သွားတော့ လေယာဉ်တွေက စစ်ကူလာတော့တာ ၂ စီးလုံးကတော့ မန္တလေးတိုင်းဘက်ကို ပြန်သွားတယ်။ ၂ ခေါက်လောက် ကျဲပြီး ပြန်ဆုတ်သွားပြီ”ဟု ဒေသနေပြည်သူတစ်ဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article