26 C
Yangon

ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းရွာ အနောက်ဘက်တွင် ကင်းစောင့်နေသော ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၆ ဦး သေဆုံး

Must read

ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းရွာ အနောက်ဘက်တွင် ကင်းစောင့်နေသော ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၆ ဦး သေဆုံး

ရန်ကုန်၊ ဇူလိုင် ၇

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းရွာ အနောက်ဘက်တွင် ကင်းစောင့်နေသော ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ၆ ဦးသေဆုံးခဲ့ကြောင်း မဟူရာရွှေဘိုသား LPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇူလိုင်လ ၆ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ရွှေဘိုမြို့နယ်၊ ညောင်ကိုင်ရွာ ပျူစောထီးစခန်းအတွင်းမှ ပျူ စောထီး ၆ ဦးသည် ရွာ၏အနောက်ဘက်တွင် ကင်းထွက်စောင့်နေစဉ် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့မှ Fixed Wings Drone ဖြင့် ဗုံး ကျဲခိုက်ခိုက်ခဲ့ရာ ၆ ဦးစလုံးသေဆုံးနိုင်ပြီး အတိအကျသိရှိနိုင် ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မဟူရာရွှေဘိုသား LPDF ၊ Daung Man ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ Zay Ya Thwe ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ကြောင်ရိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ဗိုလ်မဟာပြည်သူ့ကာ ကွယ်ရေးအဖွဲ့ နှင့် Snake Eye (B4-C3) အဖွဲ့တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article