26 C
Yangon

မတ္တရာမြို့နယ်၊ မြောက်တံငါရွာအနီး စစ်ကြောင်းထိုးလာသော စစ်သားများကို ပေပါမိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်မှု စစ်ကောင်စီတပ်သား အများအပြား သေဆုံး

Must read

မတ္တရာမြို့နယ်၊ မြောက်တံငါရွာအနီး စစ်ကြောင်းထိုးလာသော စစ်သားများကို ပေပါမိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်မှု စစ်ကောင်စီတပ်သား အများအပြား သေဆုံး

ရန်ကုန်၊ ဇူလိုင် ၈

မန္တလေတိုင်း၊ မတ္တရာမြို့နယ်၊ မြောက်တံငါရွာအနီး စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်သားများကို ပေပါမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂၅ ဦးသေဆုံးခဲ့ကြောင်း မိုးကြိုးစစ်ကြောင်း တိုက်နယ် ၃ ပကဖ သတင်းတာဝန်ခံက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၄ ရက်နေ့တွင် မတ္တရာမြို့ မြောက်ဘက် မြောက်တံငါရွာ ပန်းအိစံ စားသောက်ဆိုင်အနီး အင်အား ၈၀ ခန့်တွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မိုးကြိုးစစ်ကြောင်း တိုက်နယ် ၃ ပကဖ က ပေပါမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ရာခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦး မြောက်တက်သွားပြီး ၂၅ ဦး လဲကျသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း၊ ဖောက်ခွဲတိုက်ခိုက်မှု အပြီး အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

“ပေပါမိုင်း က ထိထိမိမိကို မှန်တာ စစ်ခွေး ၅ ကောင် မြောက်တက်ပြီး ၂၅ ကောင် သေတယ်။ ဒဏ်ရာရတာတွေလည်းများတယ်။ မျက်မြင်တွေ့ခဲ့ရတာပေါ့။ ကျွန်တော်တို့ လက်နက်တွေကောက်ဖို့ ကြိုးစားသေးတယ်။ စစ်ခွေးတွေက မနားတမ်းကို ရမ်းပစ်တာ ရှေ့တိုးမရလို့ ပြန်ဆုတ်ခဲ့ရတယ်” ဟု မိုးကြိုးစစ်ကြောင်း တိုက်နယ် ၃ ပကဖ သတင်းတာဝန်ခံက ပြောဆိုသည်။

လက်ရှိချိန်တွင် မတ္တရာမြို့နယ် တိုက်ပွဲများအတွင်း မိုးကြိုးစစ်ကြောင်း တိုက်နယ် ၃ ပကဖ သည် ဖြတ်တောက် တိုက်ခိုက်ရေး နယ်မြေရှင်းလင်းရေး စသည့် စစ်ရေးလှုပ်ရှားမှုများအပြင် စစ်ဘေးရှောင် ပြည်သူများကို ကူညီ ကယ်ဆယ်ရေးနှင့် ကျန်းမာရေးလုပ်ငန်းစဥ်များကိုလည်း ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရှမ်းမန်း စစ်ဆင်ရေးကာလ မတ္တရာမြို့နှင့် အနီးဝန်းကျင်ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် နေ့စဉ် လာရောက်ပစ်ခတ်နေ၍ ပြည်သူများ ဘေးလွတ်ရာ နေရာများကို တိမ်းရှောင်ကြရန် မိုးကြိုးစစ်ကြောင်း တိုက်နယ် ၃ ပကဖ သတင်းတာဝန်ခံက ဆက်လက် ပြောဆိုသည်။

ဓာတ်ပုံ- မိုးကြိုးစစ်ကြောင်းမှ တော်လှန်ရေးရဲဘော်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article