26 C
Yangon

ရန်ကုန်တွင် ၂ ရက်အတွင်း ဝမ်းပျက်ဝမ်းလျှော လူနာ ၁၀၇ ဦး ဆေးရုံတက် ကုသမှု ခံယူရ

Must read

ရန်ကုန်တွင် ၂ ရက်အတွင်း ဝမ်းပျက်ဝမ်းလျှော လူနာ ၁၀၇ ဦး ဆေးရုံတက် ကုသမှု ခံယူရ

ရန်ကုန်၊ ဇူလိုင် ၈

ရန်ကုန်မြို့တွင် ၂ ရက်အတွင်း ဝမ်းပျက်ဝမ်းလျှော လူနာ ၁၀၇ ဦး ဆေးရုံတက် ကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဇူလိုင်လ ၆ ရက်နေ့တွင် ဝမ်းပျက်ဝမ်းလျှော လူနာ ၆၃ ဦး ဆေးရုံတင်ကုသမှု ခံယူရကြောင်း၊ ဇူလိုင်လ ၇ ရက်နေ့တွင် ဝမ်းပျက်ဝမ်းလျော လူနာ ၄၄ ဦး ဆေးရုံတင်ကုသမှုခံယူရကြောင်း၊ ဇူလိုင်လ ၄ ရက်မှ ၆ ရက်အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ဆေးရုံတက်လူနာအရေအတွက် မြင့်တက်ခဲ့သော်လည်း အများစုမှာ သာမန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူများဖြစ်ကြောင်း စစ်ကောင်စီက ဆိုသည်။

ဇူလိုင်လ ၇ရက်နေ့ ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ကုသသူ လူနာ ၄၄ ဦးရှိခဲ့ပြီး ၎င်းတို့အနက်မှ ၂ ဦးမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ် ပွားသူလူနာများဖြစ်ပြီး ကျန် ၄၂ ဦးမှာ သာမန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ် ပွားသူ လူနာများဖြစ်ကြောင်း သိရသည်။

သာကေတမြို့နယ်နှင့်ဒေါပုံမြို့နယ်တို့တွင် ယခုဇူလိုင်လအတွင်း ကာလဝမ်းရောဂါပိုးရှိ ကူးစက်ခံရသူ ၅ ဦးရှိပြီး ၁ ဦး သေဆုံးခဲ့ကြောင်း၊ လက်ရှိတွင် သာကေတနှင့်ဒေါပုံတို့တွင် လမ်းဘေးစားသောက်ဆိုင်များကို ယာယီပိတ်ထားခြင်း၊ ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းမှုလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ- သင်္ခါရဝိမုတ္တိလူမှုကူညီရေးအသင်းက ရန်ကုန်တွင် ဝမ်းပျက်ဝမ်း လျှော လူနာတစ်ဦးကို ကူညီပေးနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article