28 C
Yangon

အုတ်ဖိုမြို့နယ်တွင် အုပ်ချုပ်ရေးမှူး အဖြစ်မှ နှုတ်ထွက်သည်ဟု လိမ်လည်ပြီး စစ်နှင့် ပူးပေါင်းနေသည့် ချောင်းဂွအုပ်စု အုပ်ချုပ်ရေးမှူး ချစ်ကို ပစ်ခတ်ခံရပြီး သေဆုံး

Must read

အုတ်ဖိုမြို့နယ်တွင် အုပ်ချုပ်ရေးမှူး အဖြစ်မှ နှုတ်ထွက်သည်ဟု လိမ်လည်ပြီး စစ်နှင့် ပူးပေါင်းနေသည့် ချောင်းဂွအုပ်စု အုပ်ချုပ်ရေးမှူး ချစ်ကို ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဇူလိုင် ၈

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် အုပ်ချုပ်ရေးမှူး အဖြစ်မှ နှုတ်ထွက်သည်ဟု လိမ်လည်ပြီး စစ်နှင့် ပူးပေါင်းနေသည့် ချောင်းဂွအုပ်စု အုပ်ချုပ်ရေးမှူး ချစ်ကို ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၈ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အုတ်ဖိုမြို့နယ်၊ ချောင်းဂွ(ဂျီ)အုပ်စု အုပ်ချုပ်ရေးမှူး ချစ်ကိုသည် လယ်ထဲကို လာရောက်စဥ် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ ရဲဘော်များက စောင့်ကြို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော အုပ်ချုပ်ရေးမှူး ချစ်ကိုသည် အုပ်ချုပ်ရေးမှူး တာဝန်မှ နှုတ်ထွက်ထားသည်ဟု လိမ်လည်ပြီး အကြမ်းဖက် စစ်တပ်ထံ တော်​လှန်​ရေး ရဲ​ဘော်​များ၏ အချက်အလက်များ​ကို ထောက်​လှမ်း​သတင်းပို့ခြင်း၊ စစ်တပ် အလိုကျ ပြည်သူများကို အတင်းအကြပ် ခြိမ်းခြောက်၍ စစ်မှုထမ်းရန် လူစုပေးခြင်းနှင့် ငွေကြေး ကောက်ခံနေသောကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ဆက်လက်၍ ပြည်သူများကို စစ်မှုထမ်းရန် အတင်းအကြပ်လူစုခြင်းနှင့် ခြိမ်းခြောက်ငွေတောင်းနေသည့် စစ်ကောင်စီ ထောက်တိုင်များကို ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်၍ အဆိုပါ စစ်ကောင်စီ ထောက်တိုင်များအနီး ပြည်သူများအနေဖြင့် သွားလာနေထိုင်ခြင်း မပြုလုပ်ကြရန် သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article