33 C
Yangon

စဉ့်ကူးမြို့နယ်ရှိ စစ်စခန်း ၁၁ ခုကို မန္တလေး PDF က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိ၊ ဒုတပ်မှုး ဒုတိယ ဗိုလ်မှူးကြီး လှိုင်းထွန်းအောင် အပါအဝင် စစ်သား ၁၅ ဦးကို အရှင်ဖမ်းဆီးရမိ

Must read

စဉ့်ကူးမြို့နယ်ရှိ စစ်စခန်း ၁၁ ခုကို မန္တလေး PDF က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိ၊ ဒုတပ်မှုး ဒုတိယ ဗိုလ်မှူးကြီး လှိုင်းထွန်းအောင် အပါအဝင် စစ်သား ၁၅ ဦးကို အရှင်ဖမ်းဆီးရမိ

ရန်ကုန်၊ ဇူလိုင် ၈

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ စစ်စခန်း ၁၁ ခုကို မန္တလေး PDF က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိကာ ဒုတပ်မှုး ဒုတိယ ဗိုလ်မှူးကြီး လှိုင်းထွန်းအောင် အပါအဝင် စစ်သား ၁၅ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော် က ပြောဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သည် စဉ့်ကူးမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ် စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး ရွှေပြည် ရဲစခန်း ၊ လက်ပန်လှ ရဲစခန်း ၊ ကျည်တောက်ပေါက် တပ်စခန်း ၊ ကန်တောင် တပ်စခန်း နှင့် ပင်လယ်ကြီး တပ်စခန်းတို့ကို ထပ်မံ သိမ်းပိုက်ရရှိကာ လက်ရှိချိန်တွင် တပ်စခန်း စုစုပေါင်း ၁၁ ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

စဉ့်ကူးမြို့နယ် တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ သပိတ်ကျင်းမြို့နယ် ဒုတပ်မှုး ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင် (OTC-19) အပါအဝင် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၅ ဦးကို အရှင် ဖမ်းဆီးရမိခဲ့ကြောင်း၊ ထို့ပြင် လက်နက်ချ အလင်းဝင်သော ပျူစောထီးများလည်း ရှိကြောင်း သိရှိရသည်။

ထို့ပြင် စဉ့်ကူးမြို့နယ် တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်မှ လေကြောင်းဖြင့် ကျဲချပေးခဲ့သော လက်နက်ခဲယမ်း အထုပ်များအပါအဝင် အခြားသော လက်နက်ခဲယမ်းအများအပြားကိုလည်း မန္တလေး PDF က သိမ်းဆည်းရမိခဲ့ကြောင်း၊ စဉ့်ကူးမြို့နယ် စစ်ဆင်ရေးများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကို စဉ့်ကူးမြို့နယ် ပကဖ က ထောက်ပို့ဆိုင်ရာ လုပ်ငန်းများ ပံ့ပိုးကူညီပေးလျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article