25 C
Yangon

မြင်းမူမြို့နယ်၊ စစ်တပ်စစ်ကြောင်းနှင့် အထိုင်စခန်းကို ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် ဒရုန်းဖြင့် ဗုံးကျဲမှုတို့ကြောင့် စစ်တပ်ဘက်မှ ၂၀ ထက်မနည်းသေဆုံးဟုဆို

Must read

ရန်ကုန်၊ ဇူလိုင် ၉

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် စစ်တပ်စစ်ကြောင်းနှင့် အထိုင်စခန်းကို ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် ဒရုန်းဖြင့် ဗုံးကျဲခြင်းတို့ကြောင့် စစ်တပ်ဘက်မှ ၂၀ ဦးထက်မနည်းသေဆုံးကြောင်း မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြို့နယ် ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၈ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် မြင်းမူမြို့နယ်၊ အလ္လကပ္ပကျေးရွာအရှေ့ဘက် ဒို့မြန်မာကျော်ဆီဆိုင်မှ ကားဖြင့် လိုက်ပါလာသော စစ်ကောင်စီတပ်မှ အင်အား ၂၅ ဦးပါ စစ်ကြောင်း ကားပေါ်မှ ဆင်း၍ ကားလမ်း အတိုင်း ခြေလျင်ဆင်း လျှောက်လာကြောင်း၊ ထို့ကြောင့် တစ်ဖက်ပွင့် ပြောင်း ၁၂ လုံးဖြင့် ဦးစွာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက် စစ်သားများ ကစဉ့်ကလျား ဖြစ်နေစဉ် ၄၀ မမ ဗုံး ၃ လုံးဖြင့် ပစ်ခတ်ခြင်း၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းတို့ဖြင့် အနီးကပ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စစ်ဆင်ရေးတိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ ၂၂ ဦးသေဆုံးပြီး ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း ၊စစ်ကောင်စီ၏ သံပြားကာကားမှ စစ်ကူရောက်လာသဖြင့် လက်နက်ကောက်ယူနိုင်ခြင်းမရှိခဲ့ဘဲ တော်လှန်ရေးရဲဘော်များ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း ၊ စစ်ဆင်ရေးဆောင်ရွက်နေစဥ်အချိန် တပြိုင်တည်းတွင်ပင် ဒို့မြန်မာကျော်ဆီဆိုင်ရှိ စစ်တပ် အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံး ၈ ကျဲချ တိုက်ခိုက်ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

အလားတူ ဇူလိုင်လ ၄ ရက်နေ့ ည ၇နာရီ အချိန် မုံရွာ-မန္တလေး လမ်းပိုင်း၊ မြင်းမူမြို့နယ်အတွင်းရှိ ဒို့မြန်မာကျော်ဆီဆိုင်နှင့် Max ဆီဆိုင်တို့တွင် အထိုင်ချတပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံး ၆ လုံး ကျဲချ တိုက် ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း ၊ စစ်သား ၂ ဦး အပြင်း အထန်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

အဆိုပါ စစ်ဆင်ရေးများကို မြင်းမူမြို့နယ် ပကဖ က ဦးဆောင်၍ မြို့နယ် ပကဖ Drone တပ်ဖွဲ့၊ Black Eagle Defense Force-MMU၊ Black Eagle Drone Force၊ Farmer Revolution Force-CHU နှင့်ဒေသခံ ပကဖများက ပူးတွဲ တိုက်ခိုက်ခဲ့ကြကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article