ရန်ကုန်၊ ဇူလိုင် ၉
မန္တလေးတိုင်း၊ မန္တလေး PDF က ဖမ်းဆီးရရှိခဲ့သော ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင်မှာ ရှမ်းပြည်နယ်လွှတ် တော်၏ တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂ ကြိမ် ခန့်အပ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်းရှိ ရွှေပြည် ရဲစခန်း ၊ လက်ပန်လှ ရဲစခန်း ၊ ကျည်တောက်ပေါက် တပ်စခန်း ၊ ကန်တောင် တပ်စခန်း နှင့် ပင်လယ်ကြီး တပ်စခန်း အပါအဝင် တပ်စခန်း ၁၁ ခုကို မန္တလေး PDF ကတိုက်ခိုက်သိမ်းပိုက်ခဲ့ရာတွင် အကြမ်းဖက် စစ်တပ်ဘက်မှ ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင် (တေဇ-၁၉) နှင့် စစ်သား ၁၄ ဦးကို အရှင် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင်သည် အလုပ်သင်ဗိုလ်လောင်း တေဇ-၁၉ သင်တန်းဆင်းဖြစ်ကြောင်း၊ သပိတ်ကျင်းမြို့နယ် အမှတ် ၂ စစ်အခြေခံလေ့ကျင့်ရေးတပ်၏ ဒုတိယတပ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ တပ်မတော်သား ရှမ်းပြည် နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပထမအကြိမ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရှိရသည်။
ယင်းနောက် ၂ဝ၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃ဝ ရက်နေ့တွင် တပ်မတော်သားရှမ်းပြည်နယ်လွှတ်တော်ကိုယ်စား လှယ်အဖြစ် ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင်ကို ထပ်မံခန့်အပ်ခဲ့ကြောင်း သိရှိရသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင်မူ သပိတ်ကျင်းနှင့်စဉ့်ကူးမြို့နယ်တို့တွင် စစ်တပ် ၏ တိုက်ခိုက်ရေးတာဝန်များကို ထမ်းဆောင်နေစဉ် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


