28 C
Yangon

တိုင်းစစ်ဌာန ဗျူဟာ ၃၄ နယ်မြေ အပတ်စဉ် ၁ အခြေခံစစ်သင်တန်းဆင်းပွဲပြုလုပ်

Must read

တိုင်းစစ်ဌာန ဗျူဟာ ၃၄ နယ်မြေ အပတ်စဉ် ၁ အခြေခံစစ်သင်တန်းဆင်းပွဲပြုလုပ်

ရန်ကုန်၊ဇူလိုင် ၁၀

တိုင်းစစ်ဌာန(တနင်္သာရီ) အမှတ် ၃၄ ဗျူဟာနယ်မြေတွင် အခြေခံစစ်သင်တန်းဆင်းပွဲကျင်းပခဲ့ကြောင်း သိရှိရသည်။

အပတ်စဉ် ၁ သင်တန်းဆင်းပွဲကို ဇွန်လ ၁၅ ရက်နေ့က ကျင်းပခဲ့ခြင်းဖြစ်ပြီး တိုင်းစစ်ဌာန တာဝန်ရှိသူများ၊ ဗျူဟာတာဝန်ရှိသူများ၊ တပ်ရင်းတပ်ဖွဲ့ တာဝန်ရှိသူများ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ သင်တန်းတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင် အမှတ် ၁တပ်ရင်းနှင့် အမှတ် ၂ တပ်ရင်းမှ ရဲဘော်များ၊ ထားဝယ်ခရိုင်အတွင်းမှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်များ တက်ရောက်ခဲ့ပြီး စုစုပေါင်း ၉၇ ဦး သင်တန်းပြီးဆုံးအောင်မြင်ခဲ့ကြကြောင်းသိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article