25.1 C
Yangon

ပုဂ္ဂလိကဘဏ်များတွင် ငွေသား ပြတ်လပ်မှုနှင့် ငွေထုတ်ယူမှု ကန့်သတ်မှုများ ဖြစ်ပေါ်နေချိန် စစ်ကောင်စီဗဟိုဘဏ်က Special Bank Accountများအနေဖြင့် ငွေသားထည့်သွင်းသည့် ပမာဏအတိုင်း ထုတ်ယူနိုင်ဟု ဗြောင်လိမ်

Must read

ရန်ကုန်၊ ဇူလိုင် ၁၁

ပြည်တွင်း ပုဂ္ဂလိကဘဏ်များတွင် ငွေသားပြတ်လပ်မှုနှင့် ငွေထုတ်ယူမှုများ ကန့်သတ်မှုများ အကြီး အကျယ် ဖြစ်ပေါ်နေချိန် စစ်ကောင်စီဗဟိုဘဏ်က Special Account ဘဏ်စာရင်းများအနေဖြင့် ငွေသားထည့်သွင်းထားသည့် ပမာဏအတိုင်း ထုတ်ယူနိုင်သည်ဟု ဗြောင်လိမ်သတင်းထုတ်ပြန် သည်။

စစ်ကောင်စီဗဟိုဘဏ်၏ ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်က စစ်ကောင်စီထုတ်မီဒီယာများမှတစ်ဆင့် ထိုသို လိမ်လည် သတင်းထုတ်ပြန်လာခြင်းဖြစ်သည်။

ပြည်တွင်းပုဂ္ဂလိကဘဏ်များတွင် ဇူလိုင်လ ၂ ရက်နေ့မှစတင်ပြီး ငွေသားထုတ်ယူမှုများကို အကန့်အသတ်များဖြင့် ဆောင်ရွက်လာခဲ့ကြောင်း၊ ဇူလိုင်လ ၁ ရက်​နေ့ ပုဂ္ဂလိကဘဏ် ၇ ခုနှင့်ဘဏ်ပိုင်ရှင်များကို စစ်ကောင်စီက အိမ်ရာချေးငွေများ ဗဟိုဘဏ်သတ်မှတ်ထားသည်ထက် ပို၍ ထုတ်ချေးမှုဖြင့် အရေးယူမည်ဟု ကြေညာပြီးနောက် ဇူလိုင် ၂ ရက်နေ့မှစတင်ပြီး ပုဂ္ဂလိကဘဏ်အများစုတွင် ငွေထုတ်သူများ စုပြုံတိုးကြိတ်နေခဲ့ကြောင်း၊ ဇူလိုင်လ ၂ ရက်နေ့တွင် Special ဘဏ်အကောင့်တစ်ခုလျှင် တစ်နေ့ သိန်း ၅၀ သာ ငွေထုတ်ပေးကြောင်း၊ ဇူလိုင်လ ၃ ရက်နေ့တွင်မူ Special ဘဏ်အကောင့်တစ်ခုလျှင် တစ်နေ့ ငွေကျပ် သိန်း ၃၀ ၊ ဇူလိုင်လ ၄ ရက်နှင့် ဇူလိုင်လ ၅ ရက်နေ့တွင်မူ တစ်ပတ်လျှင် ငွေကျပ် သိန်း ၂၀ သာ ငွေထုတ်ပေးကြောင်း၊ ယင်းနောက် ဇူလိုင်လ ၈ ရက်နေ့မှစတင်ပြီး တစ်ပတ်လျှင် ငွေကျပ် ၁၀ သိန်းမှ အများဆုံး ငွေကျပ် သိန်း ၂၀ သာ ထုတ်ပေးတော့ကြောင်း ၊ ယမန်နေ့ ဇူလိုင်လ ၉ ရက်နေ့ တွင် ကမ္ဘောဇဘဏ်က Special Account ဘဏ်စာရင်းများကို ငွေကျပ် ၅ သိန်းသာ ထုတ်ပေးတော့ကြောင်း သိရှိရသည်။

ထိုပြင် ပုဂ္ဂလိကဘဏ်များက ATM များတွင်ပါ ငွေသားထုတ်ယူမှုများအားလုံးကို ကန့်သတ်လိုက်ကြောင်း သိရှိရသည်။

သိုရာတွင် စစ်ကောင်စီဗဟိုဘဏ်၏ ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်က ဘဏ်များတွင် သတ်မှတ်စည်းမျဉ်းစည်းကမ်းနှင့်အညီ ငွေသားထုတ်ယူခွင့်ပြုနိုင်ရန်အတွက် ညွှန်ကြားထားကြောင်း၊ ဥပမာအားဖြင့်- Special Account ဖြစ်လျှင် ငွေသားထည့်သွင်းခဲ့သည့် ပမာဏအတိုင်း ထုတ်ယူခွင့်ပြုထားကြောင်း ပြောဆိုသည်။

“Special Account ဖြစ်ရင် ငွေသားထည့်သွင်းခဲ့တဲ့ ပမာဏအတိုင်း ထုတ်ယူခွင့်ပြုထားပါတယ်။ Special Account ဆိုပါက မိမိငွေသားထည့်သွင်းခဲ့သည့် ပမာဏအတိုင်း ငွေသားထုတ်ယူနိုင်ပါတယ်။ ငွေစုဘဏ်စာရင်း Saving Account ဆိုပါ ၁ ပတ် ၁ ကြိမ် ငွေထုတ်ယူနိုင်ပါတယ်။” ဟု ဒေါက်တာလင်းအောင်က ဆိုသည်။

စစ်ကောင်စီအနေဖြင့် ငွေသားသုံးစွဲမှုကို လျှော့ချပြီး ဒီဂျစ်တယ်ငွေကြေးနှင့် ငွေပေးချေမှုများကို အကောင် အထည် ဖော်နေကြောင်း၊ ဒီဂျစ်တယ် ငွေပေးချေမှုများနှင့် ငွေကြေးလွှပြောင်းမှုများအတွက် အကန့်အသတ်မရှိ ဆောင်ရွက်နိုင်ကြောင်း စစ်ကောင်စီဗဟိုဘဏ်က ပြောဆိုသည်။

သိုရာတွင် လတ်တလော ပုဂ္ဂလိကဘဏ်အချင်းချင်း အွန်လိုင်း ငွေလွှမှုများ၊ ကမ္ဘောဇဘဏ် Old Account ငွေ စာရင်းမှ Special Bank Account သို ငွေကြေးလွှပြောင်းမှုများအားလုံး လုပ်မရတော့ကြောင်း၊ မှတ်ပုံတင်ဖြင့် ငွေလွှမှုများအားလုံးပါ ခက်ခဲနေကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်ကောင်စီ၏ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကောင်စီ၏ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article