28 C
Yangon

ရန်ကုန်၊ ဒဂုံဆိပ်ကမ်းနှင့် တောင်ဒဂုံတွင် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်း ဥပဒေဖြင့် တစ်အိမ်လျှင် ငွေကျပ် ၃၅၀၀၀ ကောက်ခံပြီး စစ်မှုမထမ်းလိုလျှင် ငွေကျပ် ၁၀ သိန်းတောင်း

Must read

ဘိုကလေး၊ကျိုက်လတ်၊ဒေးဒရဲမြိုနယ်မှ လူငယ်များကို စစ်သားသစ်စုဆောင်းရန် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီး

ရန်ကုန်၊ ဇူလိုင် ၁၁

ရန်ကုန်မြို၊ ဒဂုံမြိုသစ်ဆိပ်ကမ်းမြိုနယ် ၈၆ ရပ်ကွက်နှင့် တောင်ဒဂုံမြိုနယ် ၁၄၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်း ဥပဒေ အကြောင်းပြ၍ တစ်အိမ်လျှင် ငွေကျပ် ၃၅၀၀၀ လိုက်လံကောက်ခံနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို ပြောဆိုသည်။

ဇွန်လ ၃၀ ရက်နေ့တွင် ဒဂုံမြိုသစ်ဆိပ်ကမ်းမြိုနယ် ၈၆ ရပ်ကွက်နှင့် တောင်ဒဂုံမြိုနယ် ၁၄၆ ရပ်ကွက်တိုတွင် အုပ်ချုပ်ရေးမှူးများက ရပ်ကွက်နေ ပြည်သူများကို အစည်းဝေး ခေါ်ယူကာ တစ်အိမ်လျှင် ငွေကျပ် ၃၀၀၀၀ မှ ၃၅၀၀၀ ထိ လိုက်လံကောက်ခံနေခြင်းဖြစ်ကြောင်း သိရသည်။

ထိုပြင် စစ်မှုထမ်းရန် မဲပေါက်သည့် လူငယ်များကို စစ်မှုမထမ်းလိုလျှင် ၁ ဦးကို ငွေကျပ် ၁၀ သိန်းနှုန်း ပေးဆောင်ရကြောင်း၊ ထိုသို ငွေကောက်ခံမှုများ ပြင်ပကို မပေါက် ကြားရန် အုပ်ချုပ်ရေးမှူးများက ခြိမ်းခြောက်ပြောဆိုမှုများရှိကြောင်း၊ ငွေမပေးသည့် နေအိမ်များကို ပျူစောထီးများ ခေါ်ဆောင်၍ ဖမ်းဆီးခိုင်းမှုများလည်း ရှိကြောင်း သိရှိရသည်။

“စစ်မှုထမ်းဖို မဲနှိက်တာကို အကြောင်းပြပြီး တစ်အိမ်ကို ၃ သောင်းနဲ့ ၃ သောင်းခွဲကောက်တယ်။ ၈၆ ရပ်ကွက် အုပ်ချုပ်ရေးမှူး အောင်ဆန်းဝင်းနဲ့ ၁၄၆ ရပ်ကွက် တောင်ဒဂုံမြိုနယ် အုပ်ချုပ်ရေးမှူးတိုက ရပ်ကွက်တွေထဲမှာ ပတ်ပြီး သောင်းကျန်းနေတာ စစ်မှုထမ်းဖို မဲပေါက်တဲ့ သူတွေကို စစ်မှု မထမ်းရအောင် တစ်ဦးကို ၁၀ သိန်းတောင်းတယ်။ အုပ်ကြီးတွေနဲ့ ရာအိမ်မှူးတွေက ငွေကောက်ခံတာပါ။ ဒီလိုငွေကောက်ခံတာကို ပြင်ပမှာ မပေါက်ကြားဖို သတင်းပေါက်ကြားရင် ထိထိရောက်ရောက် အရေးယူမယ်လို အုပ်ကြီးတွေက ခြိမ်းခြောက်ပါတယ်။ ငွေမပေးတဲ့အိမ်ထောင်စုတွေ ကိုလည်းမှတ်ထားတယ်။ ပြဿနာ တစ်စုံတစ်ရာ ဖြစ်လာရင် တောင်ဒဂုံ သိမ်းငှက် ဆိုတဲ့ စစ်တပ် ပျူစောထီးအဖွဲကို ခေါ်တိုင်တယ် ဖမ်းခိုင်းတယ်။ စစ်မှုထမ်းမဲနှိက်အကြောင်းပြပြီး အိမ်ထောင်စုတိုင်းကို ကောက်တာပါ” ဟု ဒေသပြည်သူများက ပြောဆိုသည်။

အလားတူ ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဘိုကလေး၊ကျိုက်လတ်၊ဒေးဒရဲမြိုတိုတွင် လူငယ်များကို စစ်သားအဖြစ် စုဆောင်းရန် ပေါ်တာဆွဲဖမ်းဆီးမှုများရှိနေကြောင်း သိရှိရသည်။

” အခု စစ်သားသစ်စုဆောင်းမှုတွေ တော်တော်ဆိုးရွှားနေပါတယ် မြိုပေါ်ရပ်ကွက်တွေနဲ့ ရွာတွေမှာရှိတဲ့ လူငယ်တွေ အကုန်လုံးကို ဖောင်ဖြည့်ခိုင်းထားပြီး စာရင်းတွေအားလုံးကို သူတိုယူထားပါတယ်။ အဲဒါပြီးတော့ လတိုင်း သူတို ကြိုက်တဲ့လူငယ်တွေကို ဆေးစစ်ဖိုဆိုပြီး ဖမ်းခေါ်ပြီးတော့ ပြန်မလွှတ်ဘဲ ခရိုင်တပ်ထဲကို တန်းပိုပါတယ်။ ၁လနေလို ဆေးမအောင်ရင် ပြန်လာပိုမယ် ပြောပြီး တပ်ထဲ အတင်းသွင်းနေတာ။ အခု လတိုင်းလိုလို ပေါ်တာဆွဲ ဖမ်းဆီးခေါ်နေတာပါ။ နောက်ပြီး အထက်ကတောင်းတဲ့ လူဦးရေမပြည့်ဘူးဆိုပြီး ညမိုးချုပ် လမ်းပေါ်သွားတဲ့လူတွေကို ဖမ်းခေါ်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိ ကျေးရွာများနှင့် မြိုပေါ်ရပ်ကွက်များတွင် ပေါ်တာဆွဲခံရမည်စိုးရိမ်၍ လူငယ်များမှာ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်မှုများ လုပ်ဆောင်နေရကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

“အခုလူငယ်တွေဆို ဘယ်နေ့လာခေါ်မလဲ လာဖမ်းမလဲ မသိနိုင်လို အိမ်ကနေထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ရွာတွေ၊ ရပ်ကွက်တွေမှာ လူငယ်တွေ မရှိကြတော့သလို မိဘတွေမှာလည်း သားစွန့်၊ ဇနီးသည်တွေမှာလည်း လင်စွန့်နဲ့ အပူမီးတွေ ဝိုင်းနေတာ။ စစ်ကောင်စီကတော့ ဧရာဝတီတိုင်းဟာ စစ်သားစုဆောင်းမှု အကောင်း ဆုံးတိုင်း အဖြစ်သတ်မှတ်ပြီးတော့ လူငယ်တွေကို မတရားခေါ်ယူ ဖမ်းဆီး ရှေ့တန်းပိုနေတယ်”ဟု ကျိုက်လတ်မြိုနယ်မှ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။

ဓာတ်ပုံ – စစ်မှုထမ်းဥပဒေဖြင့် တပ်သားသစ်အဖြစ် စုဆောင်းခံရသော လူငယ်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်မှုထမ်းဥပဒေဖြင့် တပ်သားသစ်အဖြစ် စုဆောင်းခံရသော လူငယ်များ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article