28 C
Yangon

ရန်ကုန်တွင် ဝမ်းပျက်ဝမ်းလျှောနှင့် ကာလဝမ်းရောဂါ ဖြစ်ပွားမှု များပြားနေဆဲဖြစ်ပြီး ယမန်နေ့ တစ်ရက်တည်း လူနာ ၁၁၅ ဦးနှင့် ကာလဝမ်းရောဂါဖြစ်သူ ၂၂ ဦးရှိ

Must read

ရန်ကုန်၊ ဇူလိုင် ၁၁

ရန်ကုန်တွင် ဝမ်းပျက်ဝမ်းလျှောနှင့် ကာလဝမ်းရောဂါ ဖြစ်ပွားမှု များပြားနေဆဲဖြစ်ပြီး ယမန်နေ့ တစ်ရက်တည်း လူနာ ၁၁၅ ဦးနှင့် ကာလဝမ်းရောဂါဖြစ်သူ ၂၂ ဦးရှိကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

ရန်ကုန်မြို့တွင် ဝမ်းပျက်ဝမ်းလျှောနှင့် ကာလဝမ်းရောဂါ ဖြစ်ပွားသူ အရေအတွက် တိုးလာနေဆဲဖြစ်ပြီး ၅ ရက်အတွင်း ဝမ်းပျက်ဝမ်းလျှောလူနာ ၃၅၆ ဦးရှိကာ ကာလဝမ်းရောဂါဖြစ်ပွားသူ ၄၂ ဦးရှိကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ဇူလိုင်လ ၆ ရက်နေ့တွင် ဝမ်းပျက်ဝမ်းလျှော လူနာ ၆၃ ဦး ဆေးရုံတင်ကုသမှု ခံယူရကြောင်း၊ ဇူလိုင်လ ၇ ရက်နေ့တွင် ဝမ်းပျက်ဝမ်းလျော လူနာ ၄၄ ဦး ဆေးရုံတင်ကုသမှုခံယူရကြောင်း၊ ဇူလိုင်လ ၈ ရက်နေ့တွင် ဝမ်းပျက်ဝမ်းလျှော လူနာ ၆၀ ဦး ဆေးရုံတင်ကုသမှု ခံယူရကြောင်း၊ ဇူလိုင်လ ၉ ရက်နေ့တွင် ဝမ်းပျက်ဝမ်းလျှော လူနာ ၆၄ ဦး ရှိခဲ့ကြောင်း ၊ ဇူလိုင်လ ၁၀ ရက်နေ့တွင် ဝမ်းပျက်လူနာ ၁၁၅ ဦး ရှိကြောင်း၊ ဇူလိုင်လ ၆ ရက်မှ ၁၀ ရက်နေ့အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ဆေးရုံတက်လူနာ ၃၅၆ ဦးရှိကြောင်း သိရှိရသည်။

အဆိုပါ ဝမ်းပျက်ဝမ်းလျှော လူနာများတွင် မူလ ကာလဝမ်းရောဂါ ကူးစက်ခံရသူ ၅ ဦးရှိပြီး ယင်းတို့အနက်မှ ၁ ဦးမှာ သေဆုံးခဲ့ကြောင်း၊ ဇူလိုင်လ ၇ ရက်နေ့ ဝမ်းပျက်ဝမ်းလျှောသူ လူနာ ၄၄ ဦးအနက်မှ ၂ ဦးမှာ ပြင်းထန်ဝမ်းပျက်ဝမ်း လျှောရောဂါ (ခေါ်) ကာလဝမ်းရောဂါ ဖြစ်ပွားကြောင်း၊ ဇူလိုင်လ ၈ ရက်နေ့ ဝမ်းပျက်ဝမ်းလျှော လူနာ ၆၀ ဦးအနက်မှ ၆ ဦးမှာ ကာလဝမ်းရောဂါ (ခေါ်) ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်ခံရကြောင်း ၊ ဇူလိုင်လ ၉ ရက်နေ့ ဝမ်းပျက်လူနာ ၆၄ ဦးအနက်မှ ၇ ဦးမှာ ကာလဝမ်းရောဂါ (ခေါ်) ပြင်းထန် ဝမ်းပျက် ဝမ်းလျှောရောဂါ ကူးစက်ခံရကြောင်း၊ ဇူလိုင်လ ၁၀ ရက်နေ့ ဝမ်းပျက်လူနာ ၁၁၅ ဦးအနက်မှ ၂၂ ဦးမှာ ကာလဝမ်းရောဂါဖြစ်ပွားနေကြောင်း သိရှိရသည်။

ဓာတ်ပုံ – ယမန်နေ့ သာကေတမှ ဝမ်းပျက်ဝမ်းလျှော လူနာတစ်ဦးကို အကြင်နာကုသိုလ်ပြုလူမှုကူညီရေးအသင်းက ဆေးရုံတင်ပို့နေစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ယမန်နေ့ သာကေတမှ ဝမ်းပျက်ဝမ်းလျှော လူနာတစ်ဦးကို အကြင်နာကုသိုလ်ပြုလူမှုကူညီရေးအသင်းက ဆေးရုံတင်ပို့နေစဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article