ဒီကနေ့ ဇူလိုင် ၁၃ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရှမ်းပြည်နယ်မြောက်ပိုင်းက အကြမ်းဖက် စစ်ကောင်စီရဲ့ လောက်ကိုင် ဒေသကွပ်ကဲရေးမှူးဟောင်း ဗိုလ်ချုပ်ဇော်မင်းကို စစ်ကောင်စီက သေဒဏ် ချမှတ်လိုက်ပြီး ၊ အလယ်ပိုင်းတိုင်း တိုင်းမှူးဟောင်း ဗိုလ်ချုပ်ကြည်ခိုင်ကိုလည်း စစ်တပ်ကနေ အပြီးအပိုင် ထုတ်ပယ်လိုက်ပြီလို့ နေပြည်တော်စစ်ဘက် သတင်းရင်းမြစ်က ပြောဆိုသည်။
- မြန်မာနိုင်ငံတစ်ဝန်းမှာ K-Pay၊ AYA Pay နဲ့ Wave Money အပါအဝင် Online Payment တွေအတွက် ငွေသားထုတ်ယူမှုတွေမှာပါ ရာခိုင်နှုန်းနဲ့ ပေးနေရတဲ့အပြင် ၊ စျေးဆိုင်တွေ နဲ့ ဝန်ဆောင်မှုကုမ္ပဏီတွေ ကလည်း ငွေသားပဲ လက်ခံတော့ပြီး ဒီဂျစ်တယ်ပေးချေမှုတွေကို လက်မခံတဲ့အခြေနေတွေ ဖြစ်နေတယ်လို့ ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ အကြမ်းဖက် စစ်တပ်က လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာတွေ တောက်လျှောက်လုပ်နေပြီး ၊ အဖမ်းခံရတဲ့လူငယ်တွေကို မိတ္တီလာ တပ်မ ၉၉ ထဲ တခါတည်းပို့ ဆောင်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
