28 C
Yangon

မိုင်းရယ်မြို့ပေါ်တွင် SSPP တပ်သား ၃၀၀ ထက်မနည်း ရောက်ရှိနေပြီး မြို့နယ်ပတ်ပတ်လည်တွင် SSPP တပ်များ ၀ိုင်းထား

Must read

မိုင်းရယ်မြို့ပေါ်တွင် SSPP တပ်သား ၃၀၀ ထက်မနည်း ရောက်ရှိနေပြီး မြို့နယ်ပတ်ပတ်လည်တွင် SSPP တပ်များ ၀ိုင်းထား

ရန်ကုန်၊ ဇူလိုင် ၁၃

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းရယ်မြို့ပေါ်တွင် SSPP တပ်သား ၃၀၀ ထက်မနည်း ရောက်ရှိနေပြီး မြို့နယ်ပတ် ပတ်လည်တွင် SSPP တပ်များက ၀ိုင်းထားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၃ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်အချိန်တွင် မိုင်းရယ်မြို့ပေါ်သို့ လော်လီကားများ၊ Double Cab ကားများဖြင့် SSPP တပ်များက အလံထောင်၍ ဝင်ရောက်လာပြီး မြို့၏ နေရာအချက်အချာကျ လမ်းဆုံများတွင် စောင့်ကြပ်နေကြောင်း၊ မြို့ပေါ်တွင် ရဲစခန်းနှင့် စစ်တပ်စခန်းတချို့ရှိသော်လည်းပစ်ခတ်မှု မရှိကြောင်း သိရှိရသည်။

“မြို့ပေါ်မှာ လမ်းဆုံလမ်းခွတွေမှာ SSPP တပ်တွေ၊ ကားပေါ်မှာ အလံတွေထောင်ထားတယ်။ မြို့ပေါ် နေရာပေါင်းစုံမှာ SSPP တပ်သားတွေရှိနေတာ။ မြို့ပေါ်နဲ့ မြို့အဝင်အထွက်တွေမှာပါဆိုရင် တပ်သား ၈၀၀ကျော်လောက်တော့ရှိမယ်။ အင်အားတော့ အတော်ကိုများတယ်” ဟု ဒေသပြည်သူက ရှင်းပြသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက SSPP တပ်များ မိုင်းရယ်သို့ ဝင်ရောက်မှုအပေါ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စိုင်းဆုကို ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းအဝင်သာပြပြီး ဖုန်းလက်ခံဖြေဆိုခြင်းမပြုပေ။

မိုင်းရယ်နှင့်ကပ်လျက် တန့်ယန်းမြို့ကိုလည်း ဇူလိုင်လ ၁၁ ရက်နေ့တွင် UWSA တပ်ဖွဲ့ဝင် ၂၀၀၀ ကျော် ဖြင့်ဝင်ရောက်သိမ်းဆည်းလိုက်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article