မိုးကုတ်မြို့ အရှေ့ပိုင်းကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံး၊ စစ်တပ်က ကုန်စည် စီးဆင်းမှု ဖြတ်တောက်ထား၍ ထောင်နှင့်ချီသော ပြည်သူများ အလှူရှင်များ ဝေငှသည့် ဆန်ရရှိရေး တန်းစီနေရ
ရန်ကုန်၊ ဇူလိုင် ၁၃
မန္တလေးတိုင်း၊ မိုးကုတ်မြို့ အရှေ့ပိုင်းကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံးပြီး စစ်တပ်က ကုန်စည် စီးဆင်းမှု ဖြတ်တောက်ထား၍ ထောင်နှင့်ချီသော ပြည်သူများ အလှူရှင်များ ဝေငှသည့် ဆန်ရရှိရေး တန်းစီနေရကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ ဇူလိုင်လ ၁၃ ရက်နေ့တွင် မိုးကုတ်မြို့ အရှေ့ပိုင်း ဆေးရုံကြီးအနီး မိခင်နှင့်ကလေး စောင့်ရှောက်ရေး ရုံးဘေးကို အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင်း၊ ထို့ပြင် မင်းတံတား (အနောက်ပိုင်းအထွက်)နှင့် ၀က်ကုန်း (၀က်ခုံ) အနောက်ပိုင်း အထွက်ကို အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက် ပေါက်ကွဲခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
” ဒီနေ့ မိုးကုတ် အရှေ့ပိုင်း ဆေးရုံကြီးနား မိခင်နဲ့ ကလေး စောင့်ရှောက်ရေး ရုံးဘေးကို စစ်တပ်က ပစ်တဲ့ လက်နက်ကြီး ကျရောက် ပေါက်ကွဲတယ်။ ပြည်သူ နေအိမ်တွေ အပေါ်လဲကျပါတယ်။ ဒါပေမဲ့ ပြည်သူတွေတွေက ဗုံးခိုကျင်း ထဲ၀င်နေလို့ အောင်သိဒီ ရပ်ကွက်ထဲ ကျတာတော့ ကံကောင်းပြီး မထိခိုက်ခဲ့ပေမယ့် မင်းတံတား (အနောက်ပိုင်းအထွက်) မှာ အသက် ၄၀ ၀န်းကျင်အမျိုးသမီး ၁ ဦးနဲ့ ၀က်ကုန်း(၀က်ခုံ) အနောက်ပိုင်းအထွက် မှာ လူငယ် ၁ ဦး လက်နက်ကြီး ကျလို့ ဗိုက်ပွင့် သေဆုံးခဲ့ပါတယ်” ဟု ဒေသ ပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်သည် မိုးကုတ်မြို့ကို ကုန်စည် စီးဆင်းမှုများ ဖြတ်တောက်ထားခြင်းကြောင့် ထောင်နှင့်ချီသော ပြည်သူများသည် အလှူရှင်များ ဝေငှသည့် ဆန်ရရှိရေး တန်းစီး၍ စောင့်ဆိုင်းနေကြကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီက လမ်းပိတ်ထား တာကြောင့် ကုန်စည် စီးဆင်းမှု ပြတ်တောက်နေတယ်။ မြို့ခံပြည်သူတွေဟာ သေရေးထက်နေရေး ပူပန်မှုကြောင့် မနက် သုံးနာရီကတည်းက အလှူရှင်တွေရဲ့ ဆန်ရဖို့ တန်းစီနေရပါတယ်။ ဒီနေ့ လူထောင်ချီ တန်းစီတဲ့ အဲ့ဒီနေရာက မနေ့ညကမှ လောလောလတ်လတ် တိုက်ပွဲဖြစ်ခဲ့တဲ့နေရာပါ။ တချို့ တွေအတွက် စားစရာဆန်မရှိတော့ တိုက်ပွဲဖြစ်ပြီး သေမှာ မကြောက်နိုင်ကြတော့တာ မိုးကုတ်-မန္တလေး လမ်းကြော မိုးကုတ်အထွက် ၁၄၈ စစ်ခွေး စစ်တပ်က ပိတ်ထားလို့ ဒုက္ခ ရောက်ကုန်ကြတာပါ” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။