29.6 C
Yangon

လောက်ကိုင်မြို့လယ်ကို စစ်ကောင်စီ၏ လေယာဉ်များက စက်သေနတ်ဖြင့် ပစ်ခတ်ပြီး ဗုံးများကျဲချ

Must read

လောက်ကိုင်မြို့လယ်ကို စစ်ကောင်စီ၏ လေယာဉ်များက စက်သေနတ်ဖြင့် ပစ်ခတ်ပြီး ဗုံးများကျဲချ

ရန်ကုန်၊ ဇူလိုင် ၁၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့လယ်ကို စစ်ကောင်စီ၏ လေယာဉ်က စက်သေနတ်ဖြင့် ပစ်ခတ်ပြီး ဗုံးများကျဲချသွားကြောင်း လောက်ကိုင်မြို့မှ ပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၄ ရက်နေ့ နံနက် ၂ နာရီဝန်းကျင်အချိန်တွင် လောက်ကိုင်မြို့လယ်ကို စစ်ကောင်စီ လေတပ်မှ လေယာဉ်တချို့က လာရောက်ပြီး စက်သေနတ်ဖြင့် ပစ်ခတ်ခြင်း၊ ဗုံးများကျဲချခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း၊ လောက်ကိုင်မြို့မှ ပြည်သူများ ထွက်ပြေးကြရကြောင်း၊ လတ်တလော ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုများရှိပြီး အတိအကျ မသိရှိရသေးကြောင်း လောက်ကိုင်မြို့မှ ပြည်သူတချို့က ပြောဆိုကြသည်။

“လေယာဉ်က တစ်စီးတည်းတော့မဟုတ်ဘူး။ စက်သေနတ်တွေနဲ့ပစ်တယ်။ ဗုံးကျဲချတယ်။ ပေါက်ကွဲသံကြားတာနဲ့ အားလုံးလည်း ပြေးရတာ။ မှောင်နေတဲ့အချိန်ကြီး အကျဲခံရတာ။ မြို့ထဲ အဆောက်အအုံတွေကို လေယာဉ်ပေါ်ကနေ စက်သေနတ်တွေနဲ့ တော်တော်ကို ပစ်သွားတယ်။ မြို့ထဲ၊ မြို့လယ်ခေါင်ကိုပစ်တာ” ဟု လောက်ကိုင်မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီ၏လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ဟွမ်ကျားလိဟွာဟိုတယ် ၊ဖူလီလိုက် ဟိုတယ်အပါအဝင် လောက်ကိုင်မြို့လယ်ရှိ အဆောက်အအုံများ ပျက်စီးမှုများ များပြားကြောင်း၊ ထိခိုက်ဒဏ်ရာရရှိမှုများရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article