တိုက်ပွဲဝင်ရင်း ခန္ဓာကိုယ်အစိတ်အပိုင်းစွန့်လွှတ်ခဲ့ရသည့် ရဲဘော်များကို တွေ့ဆုံဂုဏ်ပြု
ရန်ကုန်၊ ဇူလိုင် ၁၄
ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်အခြေစိုက် အမှတ် ၁၀၀၆ ဖယ်ခုံတပ်ရင်းတွင် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ကို တိုက်ခိုက်ရင်း ခန္ဓာကိုယ်အစိတ်ပိုင်းစွန့်လွှတ်ခဲ့ရသည့် ရဲဘော်များကို တွေ့ဆုံဂုဏ်ပြုငွေ ပေးအပ်ခဲ့ကြောင်း သိရသည်။
ယနေ့ဇူလိုင်လ ၁၄ ရက်နေ့တွင် တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိကာ ဆေးကုသမှုခံယူနေဆဲရဲဘော် များမှ လွဲ၍ ပြန်လည် ကျန်းမာလာသော ရဲဘော်များအား နွေးထွေးစွာ စုစည်းတွေ့ဆုံကာ ဂုဏ်ပြုငွေများ ပေးအပ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
တော်လှန်ရေးကာလ ၃ နှစ်အတွင်း ဖယ်ခုံ PDF ၁၀၀၆ တပ်ရင်း မှ ကိုယ်အင်္ဂါစွန့်လွှတ်ခဲ့ရသူ ရဲဘော် စုစုပေါင်း ၁၈ ဦး ရှိခဲ့ပြီဖြစ်ကြောင်း၊ တိုင်းပြည်နှင့်ပြည်သူတစ်ရပ်လုံး လွတ်မြှောက်ရေးအတွက် ခန္ဓာ ကိုယ် အစိတ်အပိုင်း ပေးလှူခဲ့ကြသော ရဲဘော်များကို တပ်ရင်းအနေဖြင့် လစဥ်ထောက်ပံ့ငွေပေး ထားကြောင်း သိရသည်။


