27 C
Yangon

ဘုတလင်မြို့နယ်၊ ကူတော်ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်

Must read

ဘုတလင်မြို့နယ်၊ ကူတော်ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်

ရန်ကုန်၊ ဇူလိုင် ၁၄

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ရွာရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ဘုတလင်ပြည်သူကာကွယ်ရေး ခေါင်းဆောင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဇူလိုင်လ ၁၃ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်တွင် ကူတော်ရွာ ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

“ကျွန်တော်တို့ဘက်က ကနဦးဒရုန်းယာဉ်တွေနဲ့ ဗုံးကျဲတယ်။ နောက်ပြီး RPGနဲ့ရော ထုတယ်၊၄၀ မမနဲ့လည်း ထုတယ်ဗျ။ သူတိုဘက်ကလည်း Ma1၊ စက်ကလေး၊ 40၊ G3တို့နဲ့ ရမ်းသန်းပစ်ခတ်တာတွေ ပြုလုပ်တယ်ဗျ။ စကစဘက် အထိအခိုက်ကတော့မသိရသေးဘူးဗျ။ ကျွန်တော်တို့ဘက်ကတော့ အထိအခိုက်မရှိ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်”ဟု ဘုတလင် ပြည်သူကာကွယ်ရေး ခေါင်း ဆောင်တစ်ဦးက ပြောဆိုသည်။

ကူတော်ရဲစခန်းကို ဘုတလင်မြို့နယ် BGAတပ်ပေါင်းစုမှ ဒေါင်းမာန်အဖွဲ့၊ နယ်ခြားအဖွဲ့၊တပ်ရင်း၂၆၊ တပ်ရင်း၁၉ ၊ တပ်ရင်း၂၁ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က ကူတော်ရွာအနီးပတ်ဝန်းကျင်ရှိ ကျေးရွာများကို လက်နက်ကြီးများနှင့် ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရသည်။

“ကျွန်တော်တို့ ဖြစ်စေချင်တာက သူတို့လက်နက်ကိုင်အချင်းချင်း တိုက်ကြတာပဲဗျာ။မဆိုင်တဲ့ရွာတွေဘက် လက်နက်ကြီးနဲ့ ရမ်းသန်းမပစ်သင့်ဘူးလို ‌‌‌‌‌‌‌‌‌‌‌‌‌မြင်တယ်။ အခုဟာက တိုက်ပွဲ မဖြစ်လိုက်နဲ့ ဖြစ်လိုက်တိုင်း ရွာတွေဘက် လက်နက်ကြီးနဲ့ ရမ်းသန်းပစ်တော့တာပါပဲ။ မနေ့က တိုက်ပွဲဖြစ်တုန်းကလည်း လက်နက်ကြီးနဲ့ ရွာ တွေဘက် ရမ်းသန်းပစ်တာ။ရွာသားတွေကတော့ ထိခိုက်မှုမရှိလို့ တော်သေးတယ်”ဟု ကူတော်ရွာအနီးရှိ ရွာမွန်ရွာမှ ပြည်သူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် ဘုတလင်မြို့နယ်တွင် ဇူလိုင်လ၁၀ နေ့ကလည်း ထနောင်းကုန်းရွာရှိ ဆေးခန်းတစ်ခုပေါ်သို့ ဒရုန်းယာဉ် ဗုံးသီးချ၍ ဆေးဆရာမတစ်ဦး၊ တစ်နှစ်သားရွယ်ကလေးငယ်တစ်ဦး၊ ပြည်သူကာကွယ်ရေးအဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ရကြောင်းလည်း ဒေသပြည်သူများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article