27 C
Yangon

MNDAA က ၄ ရက်ကြာ ထိုးစစ်ရပ်နားမည်ဟု ကြေညာ

Must read

MNDAA က ၄ ရက်ကြာ ထိုးစစ်ရပ်နားမည်ဟု ကြေညာ

ရန်ကုန်၊ ဇူလိုင် ၁၄

ကိုးကန့် MNDAA က ယနေ့ ည ၁၂ နာရီမှစတင်ပြီး ဇူလိုင်လ ၁၈ ရက်နေ့ ည ၁၂ နာရီအချိန်အထိ ထိုးစစ်ကို ၄ ရက်ကြာ ရပ်နားမည်ဖြစ်ကြောင်း အမိန့် ထုတ်ပြန်ကြေညာသည်။

MNDAA တပ်ဖွဲ့ဝင်များအားလုံးလိုက်နာရမည့် ထိုအမိန့်တွင် ထိုးစစ်ရပ်နားရမည်ဖြစ်ပြီး ခံစစ်ပြင်ရန်ဖြစ်ကြောင်း၊ စစ်ကောင်စီက တိုက်ခိုက်လာပါက တန်ပြန်ခုခံတိုက်ခိုက်ခွင့်ရှိကြောင်း သိရှိရသည်။

တရုတ်နိုင်ငံတွင် ဇူလိုင်လ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ တရုတ်ကွန်မြူနစ်ပါတီ၏ ၂၀ကြိမ်မြောက် ဗဟိုကော်မတီ တတိယအကြိမ်မြောက် အစည်းအဝေးရှိသဖြင့် MNDAA ၏ ထိုးစစ်ရပ်နားထားခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ၁၀၂၇ ပထမလှိုင်းအတွင်း သိမ်းဆည်းရရှိထားသည့် စစ်ကောင်စီတပ်စခန်းနှင့် လက်နက်ခဲယမ်းများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article