25 C
Yangon

လောက်ကိုင်မြို့လယ်ကို စစ်ကောင်စီ၏ လေယာဉ်များက စက်သေနတ်ဖြင့် ပစ်ခတ်ပြီး ဗုံးများကျဲချမှု ပြည်သူ ၁ ဦးသေဆုံးပြီး ပျက်စီးမှု များပြား

Must read

လောက်ကိုင်မြို့လယ်ကို စစ်ကောင်စီ၏ လေယာဉ်များက စက်သေနတ်ဖြင့် ပစ်ခတ်ပြီး ဗုံးများကျဲချမှု ပြည်သူ ၁ ဦးသေဆုံးပြီး ပျက်စီးမှု များပြား

ရန်ကုန်၊ ဇူလိုင် ၁၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့လယ်ကို စစ်ကောင်စီ၏ လေယာဉ်က စက်သေနတ်ဖြင့် ပစ်ခတ်ပြီး ဗုံးများကျဲချသွားခဲ့ရာ ပြည်သူ ၁ ဦး သေဆုံးပြီး ပျက်စီးမှုများပြားကြောင်း လောက်ကိုင်မြို့မှ ပြည်သူတချို့နှင့် ကိုးကန့်​ MNDAA၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ဇူလိုင်လ ၁၄ ရက်နေ့ နံနက် ၂ နာရီဝန်းကျင်အချိန်တွင် လောက်ကိုင်မြို့လယ်ကို စစ်ကောင်စီ လေတပ်မှ လေယာဉ် တချို့က လာရောက်ပြီး စက်သေနတ်ဖြင့် ပစ်ခတ်ခြင်း၊ ဗုံးများကျဲချခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း၊ လောက်ကိုင်မြို့မှ ပြည်သူများ ထွက်ပြေးကြရကြောင်း၊ လတ်တလော ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း၊ သေဆုံးခဲ့သော ပြည်သူ ၁ ဦးကို ယမန်နေ့ ဇူလိုင်လ ၁၄ ရက်နေ့တွင်ပင် သဂြိုလ်ပြီးစီးပြီဖြစ်ကြောင်း MNDAA ထံမှ သိရှိရသည်

လောက်ကိုင်မြို့မှ ဒေသပြည်သူတစ်ဥိးက “လေယာဉ်က တစ်စီးတည်းတော့မဟုတ်ဘူး။ စက်သေနတ်တွေနဲ့ပစ်တယ်။ ဗုံးကျဲချတယ်။ ပေါက်ကွဲသံကြားတာနဲ့ အားလုံးလည်း ပြေးရတာ။ မှောင်နေတဲ့အချိန်ကြီး အကျဲခံရတာ။ မြို့ထဲ အဆောက်အအုံတွေကို လေယာဉ်ပေါ်ကနေ စက်သေနတ်တွေနဲ့ တော်တော်ကို ပစ်သွားတယ်။ မြို့ထဲ၊ မြို့လယ်ခေါင်ကိုပစ်တာ” ဟု ယမန်နေ့ ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုခဲ့သည်။

စစ်ကောင်စီ၏လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ဟွမ်ကျားလိဟွာဟိုတယ် ၊ဖူလီလိုက် ဟိုတယ်အပါအဝင် လောက်ကိုင်မြို့လယ်ရှိ အဆောက်အအုံများ ပျက်စီးမှုများ များပြားခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article