ရန်ကုန်၊ ဇူလိုင် ၁၆
နေပြည်တော် အေလာ လေတပ်အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်မှုများရှိကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်အချိန် နေပြည်တော် အေလာလေတပ်အတွင်းသို့ ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ် ကြောင်း ၊ ရှော့တိုက်ဒုံးပေါက်ကွဲမှုကြောင့် ထိခိုက်မှုများ ရှိကြောင်း၊ သို့ရာတွင် အသေးစိတ်ကိုမူ ဆက်လက်စိစစ်နေဆဲဖြစ်ကြောင်း သိရှိရသည်။
“ဒီနေ့ မနက် ၈ နာရီ ၄၅ မိနစ်မှာ ရှော့တိုက်ဒုံး လို့ယူဆရတဲ့ လက်နက်ကြီးနေပြည်တော် ဧလာလေတပ်အတွင်းကျရောက်ပေါက်ကွဲပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနက တော်လှန်ရေးသတင်းရင်းမြစ်များထံ ဆက်သွယ်မေးမြန်းရာ နေပြည်တော်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တချို့ထံတွင် ရှော့တိုက်ဒုံးများ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ သို့ရာတွင် မည်သည့်အဖွဲ့ တိုက် ခိုက်သည်ကို မသိရှိရသေးကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဓာတ်ပုံ – နေပြည်တော်အေလာ လေတပ်ကို အနီးပတ်ဝန်းကျင် ကျေးရွာတစ်ခုမှ လှမ်းမြင်နေရစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar