24 C
Yangon

လားရှိုးမြို့ ကျဆုံးမည်ကို စစ်ကောင်စီက စိုးရိမ်နေပြီး ခံစစ်ပြင်ဆင်ရန် ဆာလာအိတ်များ လေယာဉ်ဖြင့် ပို့ဆောင်နေ၊ ယခင်က စစ်သားများ ဘန်ကာ ဆောက်လုပ်ရန် ကိုယ့်စရိတ်ဖြင့်သာ ဝယ်ယူရ

Must read

ရန်ကုန်၊ ဇူလိုင် ၁၆

လားရှိုးမြို့ ကျဆုံးမည်ကို အကြမ်းဖက် စစ်ကောင်စီက စိုးရိမ်နေပြီး ခံစစ်ပြင်ဆင်ရန် ဆာလာအိတ်များ လေယာဉ်ဖြင့် ပို့ဆောင်နေကာ ယခင်က စစ်သားများ ဘန်ကာ ဆောက်လုပ်ရန် ကိုယ့်စရိတ်ဖြင့်သာ ဝယ်ယူရကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီက လားရှိုးတွင် ခံကတုတ်များ ၊ ဗုံးခိုကျင်းများ လုပ်ရာတွင် အသုံးပြုရန် ဆာလာအိတ်များကို လေယာဉ်နှင့် တကူးတက ဝယ်၍ ပို့ဆောင်နေခြင်းဖြစ်ပြီး လားရှိုးမြို့ ကျဆုံးမည်ကို စိုးရိမ်နေကြောင်း သိရသည်။

ယခင်က အကြမ်းဖက် စစ်သားများသည် ခံကတုတ်များ ပြုလုပ်ရန်အတွက် မိမိ၏ ရိက္ခာ စရိတ်ထဲမှ ဝယ်ယူ ပြင်ဆင်ရခြင်းဖြစ်ပြီး လက်ရှိချိန်တွင် အကြမ်းဖက် စစ်ကောင်စီက လာရှိုးမြို့ ကျဆုံးမည်ကို ပူပင်နေသည့်အတွက် ဆာလာအိတ်များကိုပင် သီးသန့် ဝယ်ပို့ရသည့် အနေအထားဖြစ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

“အခုတော့ စစ်ကောင်စီအနေနဲ့ အတော်လေး လားရှိုးအနေအထားကို ကြောက်နေတယ်။ ကျမှာစိုးတော့ ဆာလာအိတ်တောင်မှ ဝယ်ပြီးတော့ ပို့ရတဲ့အနေအထားမျိုးကို ရောက်သွားပြီ။ အရင်က အောက်ခြေစစ်သားက စစ်တိုက်တာတောင်မှ ကိုယ်ရမယ့် ကိုယ့်စရိတ်ထဲက ပြင်ဆင်ပြီးထည့်ရတာဆိုတော့ အရင်တုန်းက ကျွန်တော်တို့ဆိုလည်း မကြိုက်ဘူး။ အရင်က ရိက္ခာအိတ်ထဲက ပီနံအိတ်ခွံတို့ ကုလားပဲတို့ထည့်တဲ့ ဂုန်နီအိတ်ခွံ့တို့ ရရာညှပ်သုံးရတာ။ ဒါပေမဲ့ မလုံလောက်ဘူး ဝယ်သုံးရတာ။ အခုတော့ စစ်တပ် အမြင်မှန်တွေ ရလာတာ။ ဒီကောင်တွေ သေတာအကြောင်းမဟုတ်ဘူး။ တော်ကြာကျရင် ဘန်ကာမကောင်းလို့ စခန်းတွေ ကျပါတယ်ဆိုရင် ငါတို့ပဲ သိက္ခာကျမယ် ဘန်ကာတောင် ကောင်းကောင်းမရှိဘူးဆိုပြီး ဒီကောင်တွေကို ဆာလာအိတ်ဖိုးလောက်တော့ ဝယ်ရမယ်ဆိုပြီး ငါတို့ ဝယ်ပေးလိုက်မယ် စခန်းကျရင် ဒီကောင်တွေကို ငါတို့ ထောင်းမယ်ဆိုတဲ့ အကွက်မျိုးတွေ သုံးလာတာပါ ဟု CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ခံစစ်စခန်းအတွက် အသုံးပြုရာတွင် ဆာလာအိတ်များသည် ဆွေးလွယ်သည့် အိတ်များဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်သည် စစ်သားများ၏ အသက်ကို အမှန်တကယ် အလေးထားပါကမူ ပို၍ အကြမ်းခံကောင်းမွန်သည့် အမြင်အားဖြင့် ခန့်ညားသည့် ဘိလပ်မြေအိတ်များကို ပေးမည်ဖြစ်ကြောင်း၊ ၎င်းတို့ တာဝန်ထမ်းဆောင်စဉ်ကမူ ကိုယ့်စရိတ်နှင့် ကိုယ် ဝယ်သုံးရာတွင် ဆာလာအိတ်များထက် ပို၍ ကောင်းမွန်သည့် ဘိလပ်မြေအိတ်များကိုသာ အသုံးပြုခဲ့ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ရှင်းပြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article