27 C
Yangon

စဉ့်ကူးမြို့ကို စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲ နေပြီး ပြည်သူများ ထိခိုက် သေဆုံးမှုရှိ

Must read

စဉ့်ကူးမြို့ကို စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲ နေပြီး ပြည်သူများ ထိခိုက် သေဆုံးမှုရှိ

ရန်ကုန်၊ ဇူလိုင် ၁၆

မန္တလေးတိုင်း၊ စဉ့်ကူးမြို့ကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲနေပြီး ပြည်သူများ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့တွင် စဉ့်ကူးမြို့ ရပ်ကွက် ၁ ရှိ ကံကြီးကျောင်းဘက်ကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး နေအိမ် အများအပြား ပျက်စီးကာ ပြည်သူများ ထိခိုက် သေဆုံးမှုရှိကြောင်း သိရသည်။

လက်ရှိချိန်ထိ အကြမ်းဖက် စစ်တပ်မှ လေယာဉ်များ ဆက်တိုက် ပျံဝဲနေပြီး နေအိမ် ပျက်စီးမှု အရေအတွက်နှင့် ပြည်သူများ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

“ရပ်ကွက် ၁ ကံကြီးကျောင်းဘက်မှာ မီးတွေလောင်နေတယ်။ စစ်ခွေးတွေ လေကြောင်းနဲ့ ဆက်တိုက်ကို ကျဲချနေတာ နေအိမ် ပျက်စီးမှုများတယ်။ ပြည်သူတွေ ထိခိုက်မှု အရေအတွက်တော့ မသိရသေးဘူး။ သေဆုံးသူလည်းရှိတယ်။ လေကြောင်းနဲ့ အကြိမ် အများအပြားကို ကျဲချနေတာ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article