25 C
Yangon

နေပြည်တော် အေလာလေဆိပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု လေတပ် အရာရှိ ၄ ဦး အပါအဝင် ၁၆ ဦးသေဆုံး၊ တိုက်လေယာဉ် ၂ စီး အပါအဝင် လေယာဉ် ၃ စီး ပျက်စီးပြီး အဆောက်အအုံများ ထိခိုက်ပျက်စီး

Must read

နေပြည်တော် အေလာလေဆိပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု လေတပ် အရာရှိ ၄ ဦး အပါအဝင် ၁၆ ဦးသေဆုံး၊ တိုက်လေယာဉ် ၂ စီး အပါအဝင် လေယာဉ် ၃ စီး ပျက်စီးပြီး အဆောက်အအုံများ ထိခိုက်ပျက်စီး

■ အေလာလေဆိပ်အနီးရှိ ကျေးရွာ ၇ ရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူ ၁၂ ဦးကို အကြောင်းမဲ့ ဖမ်းဆီးထား

ရန်ကုန်၊ ဇူလိုင် ၁၆

နေပြည်တော် အေလာလေဆိပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ လေတပ်အရာရှိ‌ ၄ ဦးအပါအဝင် ၁၆ ဦးသေဆုံးပြီး တိုက်လေယာဉ် ၂ စီးအပါအဝင် လေယာဉ် ၃ စီး ပျက်စီးကာ အဆောက်အအုံများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း Mountain Knights Civilian Defense Force (MKCDF) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၉ နာရီခန့်တွင် နေပြည်တော် အေလာလေတပ်အတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ရှော့တိုက်ဒုံး ၅ လုံးသည် ပစ်မှတ်ကို အောင်မြင်စွာ ထိမှန်ပေါက်ကွဲခဲ့ပြီး လေတပ်အရာရှိ ၄ ဦးနှင့် လေတပ်အခြား အဆင့်စစ်သည် ၁၂ ဦး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် A-5 Bomber Jet Fighter ၁ စီး သုံးမရအောင် ပျက်စီးပြီး နောက်ထပ် Jet Fighter ၁ စီး ခေါင်းပိုင်းထိခိုက် ပျက်စီးခဲ့ကြောင်း၊ Y-12 Military Transport Aircraft ၁ စီးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ အဆောက်အဦး ၄ လုံး၊ လက်နက် ခဲယမ်းတိုက် ၁ လုံး၊ လေယာဥ်ပြုပြင်ရေး အပိုပစ္စည်း ဂိုဒေါင်ရုံတို့ မီးလောက်ပျက်စီးခဲ့ပြီး လေတပ်အရာရှိ ၃ ဦးနှင့် အခြားအဆင့် ၇ ဦးလည်းပျောက်ဆုံး နေကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Mountain Knights Civilian Defense Force (MKCDF) အဖွဲ့ နှင့် Mercury Revolution Force (MRF) သည် Brave Warriors for Myanmar (BWM) အဖွဲ့၏ စီမံမှု ဖြင့် တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ရဲဘော်အားလုံး ဘေးကင်းလုံခြုံစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က အေလာလေဆိပ်အနီးရှိ ကျေးရွာ ၇ ရွာကို သေနတ် ပစ်ဖောက်၍ ဝင်ရောက် စီးနင်းပြီး ပြည်သူ ၁၂ ဦးကို အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း သိရှိရသည်။

“နေပြည်တော် မြို့အဝင် လမ်းကြောင်းကို ဇူလိုင်လ ၁၂ ရက်နေ့ကတည်းက အခုထိ လုံခြုံရေး အပြည့်ချထားပြီးတင်းကြပ်ထားတယ်။ အဲ့ကြားထဲကနေ ကျနော်တို့ ရဲဘော်တွေ အေလာလေတပ်ကို အလစ်ဝင်လုပ်တယ်။ ပစ်ပြီးပြီးချင်း စစ်ကောင်စီ တပ်ဖွဲ့တွေက ဖြစ်နိုင်ချေရှိတဲ့ နေရာတွေအားလုံးကို ဝိုင်းပိတ်တယ်။ ရွာ ၇ ရွာကို ပိုက်စိတ်တိုက်ဝင်ရှာတယ်။ ဖမ်းတယ်။ ရွာတွေ ပတ်ချာလည်က ကြံခင်း နှမ်းခင်း ပြောင်းခင်းတွေကို လက်နက်ငယ် ငါးကျင်းမြီး၊ စက်သေနတ်တွေနဲ့လိုက်ပစ်နေတယ် သံသရရှိသူ ၁၂ ကို ဦးဖမ်းသွားတယ်” ဟု Mountain Knights Civilian Defense Force (MKCDF) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ဧလာလေတပ်စခန်းသည် လုံခြုံရေးအထူးတင်းကြပ်သော အဆင့်မြင့်လေဆိပ်ဖြစ်ပြီး အာဏာသိမ်း စစ်တပ်က ကရင်နီဒေသနှင့် ကရင်ပြည်နယ်အပါအဝင် နိုင်ငံအနှံ့အပြားမှ ပြည်သူများနှင့် တော်လှန် ရေးအင်အားစုများကို ဗုံးကျဲတိုက်ခိုက်ရာတွင် အထူး အားထားရသော လေဆိပ်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မစ်ရှင်သည် BWM အဖွဲ့ နှင့် MKCDF အဖွဲ့တို့က တစိုက်မတ်မတ် ပူးပေါင်းဖော်ဆောင်နေသော လေတပ်ချေမှုန်းရေး စီမံချက်၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး ယခုတိုက်ပါတိုက်ခိုက်မှု အပါအဝင် နေပြည်တော်ဧလာလေတပ်ကို ၅ ကြိမ်မြောက် တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ အာဏာသိမ်းစစ်ဗိုလ် ချုပ်များ အခြေအနေမကောင်းလျှင် ပြည်ပသို့ထွက်ပြေးရန် အားထားရသည့် လေတပ်ဖြစ်သော ကြောင့် စစ်ဗိုလ်ချုပ်များပြေးပေါက် မရှိရန်လည်း ရည်ရွယ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ မစ်ရှင်မှာ ဦးဆောင်စီမံပေးတဲ့ BWM အဖွဲ့ကိုရော Mercury Revolution Force အဖွဲ့ကိုရော ကဏ္ဍအသီးသီး ကနေပါဝင်အားဖြည့်ပေးတဲ့ မဟာမိတ်ရဲဘော်ရဲဘက်တွေအားလုံးကိုကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်” ဟု Mountain Knights Civilian Defense Force (MKCDF) မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

Photo – အေလာလေဆိပ်ကို ပစ်ခတ်ခဲ့သော ၁၀၇ မမ ရှော့တိုက်ဒုံး

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article