ရန်ကုန်၊ ဇူလိုင် ၁၈
မကွေးတိုင်း၊ မကွေးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် အတွက် စစ်သားသစ် အတင်းအဓမ္မ စုဆောင်းပေးနေသော အလယ်ဘိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အောင်ကိုကို ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း မကွေးပြောက်ကျားတပ်ဖွဲ့ တာ၀န်ခံ ကိုကံကြီးမောင်က ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။
ဇူလိုင်လ ၁၇ ရက်နေ့ ညနေ ၆ နာရီ ခန့်အချိန် မကွေးမြို့နယ်၊ သစ်ရာကောက်တိုက်နယ်၊ အလယ်ဘိုအုပ်စု၊ လက်ပံရွာသစ်ကျေးရွာမှ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အောင်ကိုကို ကို မြို့ပြ ပြောက်ကျား ရဲဘော်များက သစ်ရာကောက်-ကိုးပင်လမ်းပိုင်း တစ်နေရာတွင် ပစ်ခတ် တိုက်ခိုက်ရာ သေနတ်ကျည် ၇ ချက် ထိမှန်ပြီး သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသော ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အောင်ကိုကိုသည် ကျေးရွာ လူငယ်များကို စစ်မှုထမ်းရန် လူစာရင်းများ အတင်းအဓမ္မ ကောက်ခံခြင်း၊ တော်လှန်ရေးကာလမှ စတင်ပြီး ပြည်သူများကို စစ်တပ်ကိုခေါ်ဆောင်၍ ရိုက်နှက်ခိုင်းစေခြင်း၊ အခွန်များမတရား ကောက်ခံခြင်းတို့ကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မကွေးပြောက်ကျားတပ်ဖွဲ့ တာ၀န်ခံ ကိုကံကြီးမောင် က ရှင်းပြသည်။
အဆိုပါ တိုက်ခိုက်မှုကို Magway Guerrilla Warfare (မကွေးပြောက် ကျားတပ်ဖွဲ့) ၊ ဒေါင်းစစ်သည် ပြောက်ကျားတပ်ဖွဲ့ ၊ Taungdwingyi Fighter Force (LPDF) နှင့် Yenanthar Youth Force (YYF) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီ တောက်တိုင် မှန်သမျှ ပြည်သူလူထုနှင့် အမြန်ဆုံး ပူးပေါင်း ပါ၀င်ပေးကြပါရန် မကွေးပြောက်ကျားတပ်ဖွဲ့ တာ၀န်ခံ ကိုကံကြီးမောင် က ဆက်လက် ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar