26 C
Yangon

စစ်ကောင်စီအတွက် ဒေါ်လာသန်းပေါင်းများစွာ အခွန်ငွေ ရှာပေးနေသော အမှတ် ၂ သတ္တုတွင်းလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဒုဗိုလ်မှူးကြီးဟောင်း နိုင်မျိုးဟန်ကို ဒဏ်ခတ်ပိတ်ဆို့ရန် JFM တောင်းဆို

Must read

ရန်ကုန်၊ ဇူလိုင် ၁၉

အကြမ်းဖက် စစ်ကောင်စီက အမှတ် ၂ သတ္တုတွင်းလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်ထားသော အငြိမ်းစား ဒုဗိုလ်မှူးကြီး နိုင်မျိုးဟန်ကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် Justice For Myanmar က တောင်းဆိုလိုက်သည်။

စစ်အုပ်စုသည် အငြိမ်းစား ဒုဗိုလ်မှူးကြီး နိုင်မျိုးဟန်ကို အမှတ် (၂) သတ္တုတွင်းလုပ်ငန်း (ME2) ၏ ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် ရာထူးတိုးမြှင့် ခန့်အပ်လိုက်ပြီး နိုင်မျိုးဟန်သည် ယခင်က ME2 ၏ ထုတ်လုပ်ရေးဌာနတွင် အထွေထွေမန်နေဂျာအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ကာ ၎င်းသည် စစ်တက္ကသိုလ် အပတ်စဉ် ၃၇ ကျောင်းဆင်း ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်အုပ်စုအတွက် သတ္တုတူးဖော်ရေးအခွန်ဝင်ငွေများကို ကြီးကြပ်လုပ်ကိုင်ပေးခြင်းဖြင့် ဒုဗိုလ်မှူးကြီးနိုင်မျိုးဟန်သည် စစ်အုပ်စုကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများကို အားပေးကူညီရန် ၎င်း၏ ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ကျွမ်းကျင်မှုများကို အသုံးပြုလျက်ရှိပြီး နိုင်မျိုးဟန်အနေဖြင့် ရက်စက်ကြမ်းကြုတ်သည့်ရာဇဝတ်မှုများမှ အကျိုးအမြတ်ရရှိနေမှုကို ခွင့်ပြုမထားဘဲ ဒဏ်ခတ်ပိတ်ဆို့မှုများချမှတ်ပြီး၊ အရေးယူတာဝန်ခံစေရမည် ဖြစ်ကြောင်း Justice For Myanmar က ပြောဆိုသည်။

ME2 သည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ လက်အောက်တွင် အရေးပါသော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းဖြစ်ပြီး စစ်အုပ်စုက တရားမဝင် ထိန်းချုပ်ထားကာ ME2 သည် သံဖြူ-အဖြိုက်နက်၊ ရူဘီဒီယမ်၊ တန်တလမ်-နီအိုဘီယမ်၊ လီသီယမ်၊ တိုက်တေနီယမ်၊ ဟက်ဖ်နီယမ်၊ ဗန်နေဒီယမ်၊ အင်ဒီယမ်၊ ဘစ်မတ်၊ ရွှေ၊ မိုလစ်ဘ်ဒင်နမ်၊ ရွှေဖြူ၊ မြေရှားသတ္တုဒြပ်စင်များ၊ ရေဒီယိုသတ္တိကြွသတ္တုများနှင့် အကြီးစားသတ္တုများ အပါအဝင် တွင်းထွက်ပစ္စည်းနှင့် ဓာတ်သတ္တုများ ထုတ်လုပ်မှုကို အဓိကတာဝန်ယူလုပ်ကိုင်ရခြင်းဖြင့် မြန်မာ့တွင်းထွက် သယံဇာတ အရင်းအမြစ် တူးဖော်ထုတ်လုပ်ရေးတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ကြောင်း သိရသည်။

ME2 သည် သတ္တုတူးဖော်ရေးလုပ်ကိုင်သည့် ကုမ္ပဏီများနှင့် ထုတ်လုပ်မှု ခွဲဝေရေးစာချုပ်များ ချုပ်ဆိုလုပ်ကိုင်ခြင်းဖြင့် အကျိုးအမြတ်များ ခွဲဝေရရှိပြီး အာဏာသိမ်းကြိုးပမ်းမှု နောက်ပိုင်း ME2 ၏ ရှယ်ယာများ ကို စစ်အုပ်စုက တရားမဝင် ရယူထိန်းချုပ်ခဲ့ပြီး ၎င်းတို့၏ အကြမ်းဖက်စစ်ဆင်ရေးအတွက် ဘဏ္ဍာငွေ ဖြည့်တင်းရာတွင် အသုံးပြုခဲ့ကာ ME2 ကို အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ အီးယူနှင့် ကနေဒါနိုင်ငံ တို့က ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားကြောင်း သိရှိရသည်။

စစ်အုပ်စု၏ ဗဟိုစာရင်းအင်းအဖွဲ့ (CSO) မှ မကြာသေးမှီက ထုတ်ပြန်ထာသော ME2 နှင့် သက်ဆိုင်သည့် အချက်အလက်များအရ မြန်မာနိုင်ငံတွင် အာဏာသိမ်း ကြိုးပမ်းမှုနောက်ပိုင်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း သံဖြူ (သန့်စင်ပြီး) ၂၁၃ မက်ထရစ်တန်ကို ထုပ်လုပ်နိုင်ခဲ့ကာ ထုတ်လုပ်မှု တိုးမြင့်လာကြောင်း တွေ့ရပြီး ယင်းပမာဏသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ၁၉၃ မက်ထရစ်တန်ထုတ်လုပ်နိုင်ခဲ့မှုနှင့် နှိုင်းယှဉ်လျှင် ၁၀ ရာခိုင်နှုန်းနီးပါး တိုးမြင့်လာခြင်းဖြစ်ကြောင်း Justice For Myanmar က ပြောဆိုသည်။

ဖက်စပ်လုပ်ငန်းများမှ ME2 ၏ ရွှေထုတ်လုပ်မှုသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ၉,၈၄၀ ထရွန်အောင်စ နှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ၆,၃၇၅ ထရွန်အောင်စ ရှိခဲ့ကြောင်း၊ ရွှေထုတ်လုပ်မှု၏ တန်ဖိုးကို ထုတ်ဖော်ပြောကြားထားခြင်းမရှိကြောင်း၊ နောက်ဆုံးရရှိသည့် မြန်မာနိုင်ငံ သယံဇာတ တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး ကနဦးခြေလှမ်းများ (EITI) အစီရင်ခံစာ အချက်အလက်များအရ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ME2 မှ ကောက်ခံရရှိသည့် ရွှေရောင်းချရငွေမှာ ၇,၁၉၂ တီကယ် (၃,၇၉၂ ထရိုင်အောင်စ နှင့်ညီမျှသည့်) အတွက် ကျပ်ငွေ ၆.၆ ဘီလီယံရှိမည်ဟု ခန့်မှန်းရကြောင်း Justice For Myanmar ထံမှ သိရသည်။

ME2 သည် ရွှေရောင်းချမှုမှ အခွန်ငွေအဖြစ် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၂၈.၀၃ ဘီလီယံ နှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၁၅.၄၃၇၉ ဘီလီယံ အသီးသီးရရှိခဲ့ကြောင်း၊ အာဏာသိမ်း ကြိုးပမ်းမှုနောက် ထုတ်လုပ်မှု တိုးမြင့်လာသည်နှင့်အတူ ME2 သည် စစ်အုပ်စုအတွက် ရွှေထုတ်လုပ်မှုတစ်ခုတည်းမှ ဒေါ်လာသန်းပေါင်းများစွာ အခွန်ဝင်ငွေရရှိနေကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article