Loikaw Local PDF က အပတ်စဉ် ၁ သင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်
ရန်ကုန်၊ ဇူလိုင် ၂၀
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် ဒေသပြည်သူ့ ကာကွယ်ရေးတပ်၏ ဗဟိုက ကြီးမှူးကျင်းပသည့် အပတ်စဉ် ၁ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ ဇူလိုင်လ၂၀ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အပတ်စဉ် ၁ သင်တန်းဆင်းပွဲ အခမ်းအနားကို Loikaw Local PDF ဥက္ကဋ္ဌက မိန့်ခွန်းစကားပြောကြားခြင်း၊ မဟာမိတ်တပ်များ များက ဂုဏ်ပြုစကား ပြောကြားပေးကြခြင်း ၊သင်တန်းဆင်း ရဲဘော်များက တက်ရောက်လာသော ဧည့်သည်တော်များကို စစ်ရေးပြ ဖျော်ဖြေပေးခဲ့ကြကြောင်း သိရှိရသည်။


