25 C
Yangon

ဂန့်ဂေါမြို့နယ်တွင် ကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတားကို စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီး

Must read

ဂန့်ဂေါမြို့နယ်တွင် ကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတားကို စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီး

ရန်ကုန်၊ ဇူလိုင် ၂၁

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် ကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတားကို စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးလိုက်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၂ နာရီ ၃၀ မိနစ်အချိန် ဂန့်ဂေါမြို့နယ်၊ ခလရ ၅၀ မှ စစ်သားများနှင့် ပျူစောထီးများက စစ်ကြောင်း ၂ ကြောင်းခွဲ၍ ရှုံးရှီကျေးရွာနှင့် အောင်မြင် ကျေးရွာသို့ ပစ်ခတ်စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ကြောင်း၊ အဆိုပါ စစ်ကြောင်းများက ဒေသပြည်သူများကို ဖမ်းဆီးခဲ့ပြီးနောက် အောင်မြင်ကျေးရွာနှင့် ရှုံးရှီကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

လက်ရှိတွင် အောင်မြင်ကျေးရွာသို့ ရောက်ရှိနေသော စစ်ကြောင်း တွင် တင့်ကား ၁ စီးပါဝင်ပြီး လတ်တလော ဂန့်ဂေါမြို့နယ်တွင် စစ်ရေးတင်းမာနေကြောင်း၊ ဒေသပြည်သူများမှာ စစ်ဖြစ်လာမည် စိုးရိမ်၍ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article