25 C
Yangon

မိုးကုတ်အရှေ့ပိုင်းတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေ၊ လားရှိုးမြို့ပေါ်တွင်ပါ တိုက်ပွဲများ ပြင်း ထန်

Must read

မိုးကုတ်အရှေ့ပိုင်းတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေ၊ လားရှိုးမြို့ပေါ်တွင်ပါ တိုက်ပွဲများ ပြင်း ထန်

ရန်ကုန်၊ ဇူလိုင် ၂၁

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်အရှေ့ပိုင်းတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေ ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“ဒီနေ့ မနက်ကစပြီး လေယာဉ်တွေနဲ့ တောက်လျှောက် ပျံနေတယ်။ လေကြောင်းနဲ့ ဗုံးကျဲနေတယ်။ အခုကြားထားတာ အရှေ့ပိုင်းရဲစခန်းနဲ့ အချုပ်ထောင်ကို သိမ်းလိုက်ပြီး အချုပ်သားတွေလည်း ပြန်လွှတ်ပေးလိုက်ပြီဆိုတဲ့ သတင်းတွေကြားတယ်။ ဗျူဟာကုန်းမှာလည်း ၀ိုင်းထားပြီး တိုက်ပွဲပြင်း ထန်နေတယ်လို့ သိရတယ်” ဟု မိုးကုတ်ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးများကျဲနေပြီး တိုက်ပွဲများ ပြင်းထန်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ဆိုကြသည်။

ယနေ့ ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၄ နာရီ ၅၀ မိနစ်အချိန်မှစတင်ပြီး စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် ဗုံးများကျဲကာ ပစ်ခတ်မှုများလုပ်ဆောင်နေကြောင်း၊ ယနေ့ အထက်မန်အိုင် ၅၀၇ ကုန်း၊ ခလရ ၆၈ နှင့် လားရှိုးမြို့မုခ်ဦး ၄၁ ဘက်၊ မယ်ဟန် တောင်တန်းဘက်တို့တွင် တိုက်ပွဲများ အပြင်း အထန်ဖြစ်ပွားနေကြောင်း သိရှိရသည်။

“ဒီမနက် ၆ နာရီခွဲလောက်မှာ လေယာဉ်တွေနဲ့ မယ်ဟန်တောင်တန်းဘက်ကို ဗုံးတွေ လာကျဲသွားတယ်။ မနက် ၅ နာရီလောက်ကတည်းက အကြီးအသေး အစုံပဲ ပစ်ခတ်နေတာ ။ အထက်မန်အိုင်ဘက်၊ ရပ်ကွက် ၉ ၊ ခလရ ၆၈ နဲ့ ၄၁ တပ်ဘက်တွေမှာ တိုက်ပွဲဖြစ်နေတယ်။ လက် နက်ကြီးတွေလည်း ရပ်ကွက်တွေထဲကျနေတယ်။ အပြင်ကို မထွက်ရဲဘူး” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လက်ရှိ လားရှိုးမြို့၊ ရပ်ကွက် ၅ ၊ ၅၀၇ ကုန်း၊ ရပ်ကွက် ၄ ရေကန်တောင်၊ သစ်တောရုံး၊ ရပ်ကွက် ၁ နားမခေါ်၊ ရွှေတောင်ကြား၊ ချယ်ရီမြိုင်၊ နယ်မြေ ၈ တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေကြောင်း သိရှိရသည်။

ယမန်နေ့တွင် တရုတ်၏ တောင်းဆိုမှုအရ MNDAA က ဇူလိုင်လ ၁၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ အပစ်အခတ်ရပ်စဲရန် MNDAA က ညွှန်ကြားချက် တစ်ရပ်ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံ၏ ချက်ချင်းအပစ်အခတ်ရပ်စဲရေး တောင်းဆိုချက်နှင့် စစ်ပွဲများ ရပ်တန့်ရေး တောင်း ဆိုချက်ကို တက်ကြွစွာ တုံ့ပြန်ရန်အတွက် ကိုးကန့်တပ်မတော်(MNDAA) က ဇူလိုင် ၁၉ရက်နေ့မှ ဇူလိုင် ၃၁ရက်နေ့ အထိ ထိုး လက်ရှိရောက်ရှိနေရာများတွင် ဆက်လက်ခံစစ်ဆင်ရန်၊ မိမိဘက်မှ စစ်ဆင်ခြင်းများ ရပ်တန့်ရန် ၊ လေကြောင်းရန် ကာကွယ်ရေးအစီအမံများကို ဆောင်ရွက်ကြရန် MNDAA အောက်ခြေတပ်များကို ညွှန်ကြားခဲ့သည်။

ဇူလိုင် ၁၉ရက်မှ ၃၁ရက်အထိ အပစ်အခတ်ရပ်စဲရေး ကာလအတွင်း စစ်ကောင်စီတပ်များ၏ တိုက် ခိုက်မှု ခံရပါက ခုခံကာကွယ်သည့်အနေဖြင့် တိုက်ခိုက်မှုများ သင့်သလို ပြုလုပ်နိုင်ကြောင်း MNDAA ၏ ညွှန်ကြားချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ- ယနေ့ လားရှိုး ရေကန်တောင်တွင် တိုက်ပွဲဖြစ်ပွားပြီး မီးလောင်နေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article