27 C
Yangon

စဉ့်ကူးမြို့နယ်၊ လက်ပန်လှရွာနှင့် ရုံးပင်ကုန်ရွာကို ဧရာဝတီ မြစ်ကြောင်း အတိုင်း ဆန်တက်လာသော စစ်သင်္ဘောများက လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ်များ ပျက်စီး

Must read

စဉ့်ကူးမြို့နယ်၊ လက်ပန်လှရွာနှင့် ရုံးပင်ကုန်ရွာကို ဧရာဝတီ မြစ်ကြောင်း အတိုင်း ဆန်တက်လာသော စစ်သင်္ဘောများက လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ်များ ပျက်စီး

ရန်ကုန်၊ ဇူလိုင် ၂၁

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှရွာနှင့် ရုံးပင်ကုန်ရွာကို ဧရာဝတီ မြစ်ကြောင်း အတိုင်း ဆန်တက်လာသော စစ်သင်္ဘောများက လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း စဉ့်ကူးမြို့နယ် မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၀ ရက်နေ့ ညပိုင်းမှ စတင်၍ ဧရာဝတီမြစ်ကြောင်း အတိုင်း ဆန်တက်လာသော အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘောများက လက်ပံလှရွာနှင့် ရုံးပင်ကုန်ရွာကို လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ပစ်ခတ်ခဲ့သော လက်နက်ကြီးများသည် လက်ပန်လှရွာ ပြည်စိုးအောင် ရပ်ကွက်နဲ့ ရုံးပင်ကုန် ရွာထဲကို ကျရောက်ခဲ့ပြီး ပြည်သူများ ထိခိုက်မှု မရှိသော်လည်း နေအိမ်များ ပျက်စီးခဲ့ကြောင်း၊ လက်ရှိချိန်တွင် စစ်သင်္ဘောများသည် ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းနှင့် မခေါက်အကြားတွင် ဆိုက်ကပ်ထားပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ဆက်လက် ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

“ပြည်သူ ထိခိုက်မှုတော့ မရှိဘူး ကြားတယ်။ နေအိမ်တွေတော့ ပျက်စီးတယ်။ လက်ပန်လှရွာကတော့ ပြည်သူတွေတော့ တိမ်းရှောင်နေရတယ်။ အကြမ်းဖက် စစ်အုပ်စု သင်္ဘောတွေကတော့ ကျောက်မြောင်းနဲ့မခေါက် အကြားမှာ ဆိုက်ကပ်ထားတယ်။ စဥ့်ကူးမြို့နဲ့ စဥ့်ကူးမြို့နယ်ထဲက ကျေးရွာတွေ ရပ်ကွက်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခက်တွေ လုပ်နေတုန်းပဲ”ဟု စဉ့်ကူးမြို့နယ် မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article