ရန်ကုန်၊ ဇူလိုင် ၂၃
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဖားကန့်မြို့နယ်အပါအဝင် မြို့နယ်အများစုတွင် မိုဘိုင်းလ်ဖုန်းနှင့် အင်တာနက်လိုင်းများ ၃ ရက်ကြာ ပြတ်တောက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၂၁ ရက်နေ့ နံနက်ပိုင်းမှစတင်၍ မိုဘိုင်းလ်ဖုန်းနှင့်အင်တာနက်လိုင်းများ ပြတ်တောက်သွားခြင်းဖြစ်ပြီး ယနေ့ ဇူလိုင်လ ၂၃ ရက်နေ့ ညနေပိုင်းအထိ ပြန်လည်ရရှိခြင်းမရှိသေးကြောင်း ဒေသပြည်သူများက ဆိုသည်။
“၂၁ ရက်နေ့ မနက်ပိုင်းက စပြတ်သွားတာ။ ကချင်ပြည်နယ် မြို့နယ်အားလုံးနီးပါးပဲ။ မြစ်ကြီးနား၊ ဖားကန့်၊ ၀ိုင်းမော်မရဘူး။ Star Link ရှိတဲ့ဘက်တွေမှာတော့ အင်တာနက်ရတယ်။ ဖားကန့်မှာကတော့ Star Link တွေ တပ်ထားကြတော့ အဲဒီမှာ အင်တာနက်သွားသုံးရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
မိုဘိုင်းလ်ဖုန်းနှင့်အင်တာနက်လိုင်းများ ပြတ်တောက်သွားသည့်အတွက် မြစ်ကြီးနားမြို့ပေါ်တွင် Online Payment များလည်း သု့းမရတော့ဘဲ ဘဏ်များတွင် ငွေလွှဲခြင်း ၊ ငွေထုတ်ခြင်းများ အခက်အခဲများဖြစ်ပေါ်နေကြောင်း၊ စီးပွားရေးလုပ်ငန်းများအားလုံးလည်း ထိခိုက်မှုများရှိနေကြောင်း သိရှိရသည်။
” K Pay တွေလုံး၀ သုံးမရတော့ဘူး။ Online Banking တွေလည်းမရဘူး။ ဘယ်မှာ ဘာဖြစ်လို့ ဖြစ်နေမှန်းမရဘူး။ လူမှု စီးပွားဘ၀တော့ အရမ်းထိခိုက်နေတယ်” ဟု မြစ်ကြီးနားမြို့မှ အွန်လိုင်းငွေလဲဝန်ဆောင်မှု ပေးသူ ဆိုင်ပိုင်ရှင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မြစ်ကြီးနားမြို့ပေါ်တွင် MPT ရုံးက အရေးပေါ် အင်တာနက်သုံးစွဲနိုင်ရန် Star link အင်တာနက်ဖွင့်ပေးထား၍ အဆိုပါ MPT ရုံးတွင် အင်တာနက် ခဏတာ သုံးစွဲ၍ ရနေသေးကြောင်း ဒေသပြည်သူတချို့က ဆိုကြသည်။
ဓာတ်ပုံ – မြစ်ကြီးနားမြို့ MPT ရုံးက အရေးပေါ် Star Link အင်တာနက် ဖြန့်ဝေပေးနေ၍ ပြည်သူများ တိုးကြိတ်သုံးစွဲနေကြစဉ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar