ရန်ကုန်၊ ဇူလိုင် ၂၃
ကမ္ဘာ့ရွှေစျေးနှုန်းသည် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၄၀၀ ကျော်အထိ မြင့်တက်သွားသဖြင့် မြန်မာ့ရွှေစျေးမှာ အခေါက်ရွှေတစ်ကျပ်သားလျှင် သိန်း ၆၀ ကျော်မြင့်တက်သွားကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
“အရွက်စျေးလည်းမာတယ်။ ကမ္ဘာ့ရွှေစျေးကလည်း ရွှေတစ်အောင်စကို ၂၄၁၂ ကျော်ရှိတယ်။ အဲဒီတော့ မြန်မာ့ရွှေစျေးက သိန်း ၆၀ နဲ့ ၅ သောင်းစျေးရှိတယ်။ မြန်မာ့ရွှေကတော့ စံချိန်တင်စျေးပဲ” ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ဆိုသည်။
ပြည်တွင်းရွှေစျေးမှာ စံချိန်တင် စျေးနှုန်းဖြစ်ပေါ်နေသော်လည်း အရောင်းမရှိဘဲ အဝယ်သာများပြားကြောင်း၊ ရွှေဆိုင်များတွင်လည်း အခေါက်ရွှေမရောင်းဘဲ လက်ဝတ်ရတနာများသာ ရောင်းချကြောင်း၊ မီးလင်းရွှေ (ခေါ်) အခေါက်ရွှေတုံး ဝယ်လိုသူများ စျေးကွက်တွင် များပြား ကြောင်း သိရှိရသည်။
ယင်းအပြင် အမေရိကန်ဒေါ်လာမှာလည်း တစ်ဒေါ်လာ ၄၉၀၀ ကျပ်နှင့် ၄၉၅၀ ကျပ်အကြား စျေးရှိနေကြောင်း၊ အရွက် (အမေရိကန်ဒေါ်လာ) သီးသန့်ဝယ်ယူသူများ များပြားနေကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar