25 C
Yangon

သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၆၀ အရွယ် ဦးမျိုးလွင် ပွဲချင်းပြီး သေဆုံး

Must read

သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၆၀ အရွယ် ဦးမျိုးလွင် ပွဲချင်းပြီး သေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၃

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် အသက် ၆၀ အရွယ် ဦးမျိုးလွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း Rural Community’s United Strike Committee – Thayetchaung အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် ရွှေဂူတံတားဂိတ်မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ညောင်ဇင်ရွာထဲကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် လယ်ထဲတွင် နွားသွားယူနေသည့် အသက် ၆၀ အရွယ် ဦးမျိုးလွင် လက်နက်ကြီးကျည်စ ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ လက်နက်ကြီးဖြင့် ပစ်ခတ်မှု မဖြစ်ခင် နံနက်ပိုင်းက အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ညောင်ဇင်ရွာဘက်ကို ဝင်ရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး မွန်းလွဲပိုင်းတွင် ကျေးရွာဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article