ဒီကနေ့ ဇူလိုင် ၂၄ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေထဲက ဒုတိယဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၅ ဦး တို့ ဦးဆောင်ကာ စုစုပေါင်း တပ်ဖွဲ့ဝင် ၃၁၇ ဦး MNDAA ဆီမှာ လက်နက်ချ အလင်းဝင်လာတယ်လို့ MNDAA က သတင်းထုတ်ပြန်ပါတယ်။
- ကျောက်မဲမြို့နယ်နဲ့ မိုးကုတ်မြို့နယ်တို့မှာ ဖြစ်ပွားတဲ့တိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်သား အလောင်း ၇၀ နဲ့ လက်နက် ၉၀ ကျော် သိမ်းဆည်းရရှိခဲ့တယ်လို့ TNLA က ပြောပါတယ်။
- အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မြင့်ဆွေဆီကနေ ယာယီသမ္မတရာထူး လွှဲပြောင်းရ ယူမှုဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဖြစ်တယ်လို့ အကြမ်းဖက်ဇော်မင်းထွန်းက ထုတ်ပြန် ပြောဆိုလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
