33.1 C
Yangon

လွိုင်ကော်မြို့ မိုင်းလုံရပ်ကွက်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိ

Must read

ရန်ကုန်၊ ဇူလိုင် ၂၄

ကရင်နီပြည်၊ လွိုင်ကော်မြို့၊ မိုင်းလုံရပ်ကွက်တွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား များ ထိခိုက်သေဆုံးမှုရှိကြောင်း KNDF တပ်ရင်း ၂၈ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇူလိုင်လ ၂၃ ရက် နံနက်ပိုင်းမှ စတင်ပြီး လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်ရှိ ပြည်သူနေအိမ် ၁၁ ထပ်တိုက်နှင့် GTC ကျောင်းတို့၌ တပ်စွဲနေရာယူထားသော အကြမ်းဖက်စစ်သားများကို KA ၊ KNDF ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ တနေကုန်နီးပါး တိုက်ပွဲဖြစ်ပြီး အကြမ်းဖက် စစ် သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း၊ KA ၊ KNDF ပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း ရဲဘော် ၃ ဦး ထိ ခိုက်ဒဏ် ရာရရှိခဲ့ပြီး တစ်ဦးစိုးရိမ်ရကြောင်း သိရသည်။

“တိုက်ပွဲက နေ့တိုင်းလိုဖြစ်တယ်၊ ဒီနေ့တော့ မနက်ကတည်းက ဖြစ်တာ၊ တနေကုန်ပဲ၊ စခတွေဘက် ကလည်း ထိခိုက်သေဆုံးမှုတော့ရှိတယ်၊ အတိအကျတော့ မသိရဘူး၊ သွေးထွက်တာ ကြည့်ရတာ တော့ သေနိုင်တယ်။ ဘယ်လောက်ထိခိုက်သေဆုံးမှုရှိနိုင်တယ်ဆိုတာတော့ ခန်းမှန်းမရဘူး။ ကျနော် တို့ဘက်က ရဲဘော် ၃ ဦး ဒဏ်ရာရတယ်၊ တစ်ဦးက စိုးရိမ်ရတယ်” ဟု KNDF တပ်ရင်း ၂၈ မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

KNDF တပ်ရင်း ၂၈ အနေဖြင့် ရဲဘော်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိစေရန် “ကြယ်ကလေးတွေ မကြွေ စေဖို့ ချပ်ဝတ်ကျည်ကာဖြင့် ကာကွယ်စို့” ကမ်ပိန်းပြုလုပ်လျက်ရှိပြီး ပြည်သူများ အနေဖြင့် ဝိုင်း ဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံပါကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ဓာတ်ပုံ – လွိုင်ကော်တွင် ယခုနှစ် ဇွန်လဆန်းပိုင်း တပ်စွဲခဲ့သော KNDF တပ်ရင်းမှ ရဲဘော်တချို့။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

လွိုင်ကော်တွင် ယခုနှစ် ဇွန်လဆန်းပိုင်း တပ်စွဲခဲ့သော KNDF တပ်ရင်းမှ ရဲဘော်တချို့။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article