ရန်ကုန်၊ ဇူလိုင် ၂၄
တနင်္သာရီတိုင်း၊ ရေဖြူမြိုပေါ်တွင် အကြမ်းဖက်စစ်သားများ စီးနင်းလိုက်ပါလာသည့် ကားတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ – YPPDF က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။
ဇူလိုင်လ ၂၂ ရက်နေ့ ညနေ ၃ နာရီအချိန် ရေဖြူမြိုပေါ်တွင် အကြမ်းဖက်စစ်သားများက လိုက်ပါလာသည့် စီးနင်းလိုက်ပါလာသော ကားတစ်စီးကို ပြောက်ကျားနည်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ကြောင်း၊ ပစ်ခတ်မှုအတွင်း အကြမ်းဖက်စစ်သား ၄ ဦး သေဆုံးကာ ၁ ဦး ထွက်ပြေးလွတ်မြောက်ထွက်ပြေးသွားကြောင်း သိရသည်။
ထိုသို အပြန်အလှန်တိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်သားများထံမှ MA 3 အမျိုးအစား သေနတ် ၄ လက်၊ ကျည်ဘောက် ၁၂ ခု၊ အီနာဂါသီး ၇ လုံး၊ လက်ပစ်ဗုံး ၄ လုံး၊ ကျည် ၄၀၀ တောင့် နှင့် လက် ကိုင် ဖုန်း ၂ လုံးတိုကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ (YPPDF) နှင့် ဓဝယ် အမျိုးသားလွတ် မြောက် ရေးတပ်တော် (DNLA) တပ်ခွဲ ၁ တို ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာ စစ် ဆင်ရေးများအား အရှိန်အဟုန် တိုးမြင့်စွာ ဆောင် ရွက်နေသည့်အချိန် ဖြစ်သောကြောင့် စစ်ရေးအထူး အသိ/သတိပြု သွားလာနေထိုင်ကြရန် ရေဖြူမြိုနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲက အသိပေးထုတ်ပြန်ထားသည်။
မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
