ရန်ကုန်၊ ဇူလိုင် ၂၅
ကချင်ပြည်နယ်၊ မိုးမောက်မြို့ပြင်ရှိ စစ်ကောင်စီ၏ နောက်ဆုံး လက်ကျန်စခန်းဖြစ်သော ခမရ ၄၃၇ ကို KIA ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ပြီး စခန်းသိမ်းနိုင်ရန် ကြိုးပမ်းနေကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၂၄ ရက်နေ့ နံနက် ၇ နာရီကျော်အချိန်မှစတင်ပြီး ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီ ၏ ခမရ ၄၃၇ တပ်ရင်းကို စတင်တိုက်ခိုက်လျက်ရှိကြောင်း၊ တိုက်ပွဲပြင်းထန်နေပြီး စခန်းကို မသိမ်းနိုင်သေးကြောင်း၊ စခန်းသိမ်းနိုင်ရန် ကြိုးပမ်းနေကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။
“တိုက်ပွဲက အခုထက်ထိ တိုက်နေတုန်းပဲ။ တိုက်ပွဲ အရမ်းပြင်းထန်နေပါတယ်။ စခန်းသိမ်းနိုင်အောင် ကြိုးစားနေဆဲပါ။ မသိမ်းနိုင်သေးပါဘူး” ဟု KIA သတင်းရင်းမြစ်က ရှင်းပြသည်။
မိုးမောက်မြို့ရှိ မြို့မရဲစခန်းနှင့် တပ်ရင်းများကို မေလ ၇ ရက်နှင့် ၈ ရက်နေ့တို့တွင် KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မြို့ပြင်တွင် ခမရ ၄၃၇ ကို သိမ်းပိုက်ရရှိပါ မိုးမောက်မြို့နယ်တစ်ခုလုံးတွင် စစ်ကောင်စီ ကင်းစင်သွားကာ KIA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိမည်ဖြစ်သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar