ရန်ကုန်၊ ဇူလိုင် ၂၅
မြန်မာနိုင်ငံ၏ ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာ ငွေကျပ် ၅၀၀၀ ကျော်သို့ ရောက်ရှိပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၆၁ သိန်းခွဲစျေးရှိနေကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
အမေရိကန်ဒေါ်လာစျေးနှုန်းသည် တဖြည်းဖြည်း မြင့်တက်နေရာ ယနေ့တွင် အမေရိကန်တစ်ဒေါ်လာ ငွေကျပ် ၅၀၀၀ သို့ ရောက်ရှိနေပြီး အမှန်တကယ် လက်တွေ့ ဝယ်ယူလျှင် အမေရိကန်တစ်ဒေါ်လာ ငွေကျပ် ၅၀၀၀ ထက်ပို၍ စျေးပေး ဝယ်ရကြောင်း သိရှိရသည်။
“အရွက်စျေးက တစ်ဒေါ်လာကို ၅၀၀၀ နဲ့ ၅၁၀၀ အကြားရှိတယ်။ တေ့တေ့ဆိုင်ဆိုင် Face to Face တကယ်အဝယ်နဲ့ ရောင်းတာနော်။ စျေးကွက်သတ်မှတ်စျေးကတော့ တစ်ဒေါ်လာ ၅၀၀၀ တစ်ပတ်ချာလည်ပဲ။ မနေ့ကတည်းက တစ်ဒေါ်လာ ၅၀၀၀ ရောက်နေတာပါ။ အဝယ်ရှိပေမယ့် အရောင်းနည်းတယ်။ စျေးကွက်ပေါက်စျေးထက် စျေးပိုပေးရင်တော့ အဝယ်ရတယ်” ဟု ရန်ကုန်မြို့မှ နိုင်ငံခြားငွေလဲဒိုင်တစ်ဦးက ဆိုသည်။
ရွှေစျေးနှုန်းမှာလည်း ဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး ကမ္ဘာ့ရွှေစျေးသည် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၄၁၉ ဒေါ်လာဝန်းကျင်တွင်ရှိနေကြောင်း၊ ကမ္ဘာ့ရွှေစျေးနှုန်းဖြင့် တွက်ချက်လျှင် မြန်မာ့ရွှေစျေးမှာ အခေါက်ရွှေတစ်ကျပ်သားလျှင် ၆၄ သိန်းကျော်အထိသို့ ရောက်ရှိမည်ဖြစ်သော်လည်း အမှန် တကယ်မြန်မာ့ စျေးကွက်တွင်မူ အဝယ် ၊ အရောင်းမူတည်၍ စျေးသတ် မှတ်ကြောင်း၊ ထို့ကြောင့် မြန်မာ့ရွှေတစ်ကျပ်သားလျှင် ၆၁ သိန်း ၅ သောင်းဝန်းကျင် စျေးရှိနေခြင်းဖြစ်ကြောင်း ရန်ကုန်ရွှေကုန်သည်တစ်ဦးက ရှင်းလင်း ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
