25 C
Yangon

ထန်တလန်မြို့ပေါ်မှ စစ်ကောင်စီ တပ်သား ၂ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်၊ တစ်ဦးလျှင် ငွေကျပ် သိန်း ၅၀ စီ ချီးမြှင့်

Must read

ထန်တလန်မြို့ပေါ်မှ စစ်ကောင်စီ တပ်သား ၂ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်၊ တစ်ဦးလျှင် ငွေကျပ် သိန်း ၅၀ စီ ချီးမြှင့်

ရန်ကုန်၊ ဇူလိုင် ၂၅

ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်မှ တပ်သား ၁ ဦးနှင့် ရဲ ၁ ဦးတို့သည် လက်နက်ခဲယမ်းများ ယူဆောင်ပြီး ချင်းပြည်နယ် အစိုးရအဖွဲ့ထံ အလင်းဝင်ခဲ့ကြောင်း Chinland Defense Force – Thantlang ထံမှ သိရသည်။

ယနေ့ ဇူလိုင်လ ၂၅ ရက်နေ့တွင် ထန်တလန်မြို့ပေါ်၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်မှ တပ်သား ၁ ဦးနှင့် ရဲ ၁ ဦးတို့သည် အကြမ်းဖက် စစ်တပ်တွင် ဆက်လက် တာဝန်ထမ်းဆောင်လိုခြင်း မရှိတော့သဖြင့် ပြည်သူ့တော်လှန်ရေးတွင် ပါဝင်မည်ဟု ဝန်ခံ ကတိပြုကာ ၎င်းတို့ ကိုင်ဆောင် အသုံးပြုသော လက်နက်ခဲယမ်းများကို ယူဆောင်၍ အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီ တပ်သား ၂ ဦးသည် MA 2 အမျိုးအစား သေနတ် ၁ လက်၊ G3 အမျိုးအစား သေနတ် ၁ လက်၊ ကျည် ဘောက် ၈ ခု၊ ကျည်ဆံ ၁၈၅ တောင့်၊ Grenade ၁ ခု၊ ၄၀ မမ နှစ်ခု နှင့် ကျည်ကာ တစ်ခု တို့ယူ ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့သို့ လက်နက်ခဲယမ်းများနှင့် အတူအလင်းဝင်ရောက်ခဲ့သည့် စစ်ကောင်စီ တပ်သား ၂ ဦးကို ချင်း ပြည်အစိုးရတပ်ဖွဲ့က တစ်ဦးလျှင် ချီးမြှင့်ငွေ သိန်း ၅၀ စီ ပေးအပ်ကာ လုံခြုံသည့်နေရာသို့ ပို့ဆောင် ပေးထားကြောင်း Chinland Defense Force – Thantlang က ထုတ်ပြန်ထားသည်။

ချင်းပြည်အစိုးရတပ်ဖွဲ့အနေဖြင့် Tilim Operation ၄ ကို ဖော်ဆောင်တိုက်ပွဲဝင်လျက်ရှိပြီး ပြည်သူ့ တော်လှန်ရေးအတွင်း ပါဝင်ရန်ဆန္ဒရှိပါက အမြဲတခါးဖွင့် ကြိုဆိုလျက်ရှိကြောင်း အသိပေးပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article