24.9 C
Yangon

ရခိုင်ပြည်၊ သံတွဲ၊ ဂွနှင့် တောင်ကုတ်တို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး စစ်ဘေးရှောင်ပြည်သူများ ရေဘေးသင့်ပြန် ၊ အကူအညီများလိုအပ်နေ

Must read

ရန်ကုန်| ဇူလိုင် ၂၆

ရခိုင်ပြည် သံတွဲမြို့နယ်၊ တောင်ကုတ်မြို့နယ်နှင့် ဂွမြို့နယ်တို့တွင် ယမန်နေ့ နံနက်ပိုင်းမှ ယနေ့အချိန်အထိ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

တောင်ကုတ် ဒေသခံတစ်ဦးက ” တောင်ကုတ်မြို့ထဲ ရေဝင်ရောက်သွားပါပြီ။ နေအိမ်တွေ အများကြီး မြှုပ်နေပါတယ်။ တောင်ကုတ် လမု ဘက်မှာဆိုရင်လည်း ရွာတွေ၊ နေအိမ်တွေ အားလုံးနစ်မြှုပ်နေပါတယ်။ လူတွေကတော့ အဆောက်အဦးအမြင့်တွေ၊ တောင်ကုန်းတွေကို သွားရှောင်နေကြရပါတယ်။ ” ဟု ပြောသည်။

သံတွဲမြို့တွင်လည်း မြို့ပေါ်ရပ်ကွက်အားလုံးနီးပါးကို ရေလွှမ်းမိုးသွားပြီး စစ်ရှောင်များနှင့် ဒေသခံပြည်သူများမှာ အခက်အခဲဖြစ်နေကြသည်ဟု သိရသည်။

” မိုးက ဆက်တိုက်ရွာနေတာ။ ဒီရေကျချိန် နာရီပိုင်းလောက်ပဲ ရေက ကျခဲ့တယ်။ ဒါပေမယ့် ပြန်တက်လာတဲ့အချိန်မှာ မိုးကလည်း တအားရွာ၊ ရေက မနေ့ကထက်တောင် ပိုကြီးနေတယ်။ တိုက်ပွဲတွေ ဘာတွေညာတွေ ရှိလား ဖြစ်နေလားတော့ မသိတော့ဘူး။ ရေနဲ့ လွတ်ဖို့ နေရာတွေကို သွားရတာပဲ။ ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဒေသခံများကိုယ်တိုင် အချင်းချင်း အပြန်အလှန် တစ်ပိုင်တစ်နိုင် ကူညီဆောင်ရွက်နေကြပြီး ကူညီကယ်ဆယ်ရေးအဖွဲ့ဆိုကာ သီးသန့်ဆောင်ရွက်နေခြင်းမျိုး မရှိကြောင်း စုံစမ်းသိရသည်။

သံတွဲ၊ တောင်ကုတ်၊ ဂွမြို့နယ်တို့သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် AA တို့ စစ်ရေးတင်းမာနေကြသည့် မြို့နယ်များဖြစ်ပြီး ရေဘေးကူညီကယ်ဆယ်ရေးနှင့်ပတ်သက်၍ နှစ်ဖက်အဖွဲ့အစည်းများအနေဖြင့် တရားဝင်ထုတ်ပြန် ပြောဆိုခြင်းမရှိကြသေးပေ။

ဒေသခံပြည်သူလူထုများမှာ စစ်ရေးနှင့်အတူ ရေဘေးကိုပါ တစ်ပြိုင်တည်းခံစားနေကြရသည့်အတွက် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် နေထိုင်စားသောက်ရေးတို့အတွက် ချက်ချင်း အကူအညီလိုအပ်နေကြခြင်းဖြစ်သည်။

ပုံစာ – တောင်ကုတ်နှင့် သံတွဲမြို့က ရေကြီးမှုကို ယနေ့ ဇူလိုင်လ ၂၆ ရက် နံနက်ပိုင်းတွင် တွေ့ရစဉ်။ (ဓါတ်ပုံ – CJ များ)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article