25 C
Yangon

ကျိုက်ထိုတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးရှိကာ တော်လှန်ရေး ရဲဘော် ၂ ဦးကျဆုံး၊ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၈ ဦးသေဆုံး

Must read

ကျိုက်ထိုတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးရှိကာ တော်လှန်ရေး ရဲဘော် ၂ ဦးကျဆုံး၊ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၈ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၇

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ ကျောက်တန်းလေးကျေးရွာအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးရှိကာ တော်လှန်ရေး ရဲဘော် ၂ ဦးကျဆုံးခဲ့ကြောင်း ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁ ဆက်သွယ်ရေးနှင့် မီဒီယာ တာဝန်ခံ ရဲဘော်ကိန်းက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၃ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် သိမ်ဇရပ်မြို့၊ ကျောက်တန်းလေးကျေးရွာအနီး အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်နှင့် KNLA ၊ ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁ တို့ ထိတွေ့ တိုက်ပွဲ ၄၅ မိနစ်ခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲအတွင်း ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁ မှ ရဲဘော် လရောင်နှင့် ရဲဘော် သာဒင် တို့ ၂ ဦး နိုင်ငံအတွက် အသက်ပေးလှူခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း အကြမ်းဖက် စစ်တပ်၏ သိမ်ဇရပ်မြို့ အခြေစိုက် ၂၀၇ တပ် လက်နက်ကြီးကုန်းက ၁၂၀ မမ လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်မှုကြောင့် အနီးရှိ အနားရှိ ကျေးရွာများကို ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၈ ဦး သေဆုံးကာ ၆ ဦး ထက်မနည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“တိုက်ပွဲတွင်း ရဲဘော်တွေရဲ့ ပြောကြားချက်အရ လဲကျတဲ့ ခွေးတွေလည်းရှိတယ်။ အရေတွက်ကို အတည်မပြုနိုင်တာပါ။ စစ်ခွေးတွေ သေတာက သေတယ်။ အတိကျကို အတည်မပြုနိုင်ပါဘူး။ ကျဆုံးသွားတဲ့ ရဲဘော်တွေ၊ ပြည်သူတွေ အတွက် ပိုပြီးတော့ ကျွန်တော်တို့ ကြိုးစားတိုက်ထုတ်သွားပါမယ်။ ပြည်သူများအနေနဲ့ အဖက်ဖက်က ပါဝင် တော်လှန်ကြပါလို့ ပြောချင်ပါတယ်” ဟု ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁ ဆက်သွယ်ရေးနှင့် မီဒီယာ တာဝန်ခံ ရဲဘော်ကိန်းက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article