25 C
Yangon

လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ G1 စစ်အရာရှိ၊ အမှတ် ၁၀ စစ် မြေပြင်ဆေးတပ်ရင်းမှူး ၊ တိုက်ပွဲဝင်စည်းရုံးရေး သင်တန်းကျောင်း ဒုကျောင်းအုပ် အပါအဝင် အဆင့်မြင့်စစ်အရာရှိကြီးများသေဆုံး

Must read

လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ G1 စစ်အရာရှိ၊ အမှတ် ၁၀ စစ် မြေပြင်ဆေးတပ်ရင်းမှူး ၊ တိုက်ပွဲဝင်စည်းရုံးရေး သင်တန်းကျောင်း ဒုကျောင်းအုပ် အပါအဝင် အဆင့်မြင့်စစ်အရာရှိကြီးများသေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ MNDAA ၏ လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ G1 စစ်အရာရှိ၊ အမှတ် ၁၀ စစ်မြေပြင်ဆေးတပ်ရင်းမှူး ၊ တိုက်ပွဲဝင်စည်းရုံးရေး သင်တန်းကျောင်း ဒုကျောင်းအုပ် အပါအဝင် အဆင့်မြင့်စစ်အရာရှိကြီးများသေဆုံးကြောင်း စစ်ဘက်သတင်းရင်းမြစ်များကို ကိုးကား၍ CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဇူလိုင် ၂၆ ရက်နေ့ အမှတ် ၁၀ စစ်မြေပြင် ဆေးတပ်ရင်းမှူး သည် MNDAA စတိုက်ချိန်တွင် တပ်ရင်းအလိုက် မော်တော်ယာဉ်တပ်ခွဲမှ တိုင်းစစ်ဌာနချုပ်ထဲသို့ ထွက်ပြေးကြောင်း၊ ထိုသို့ တပ်ပြေးစဉ် ဆေးတပ်မှ တပ်ရင်းမှူး ကျည်ထိမှန် သေဆုံးခဲ့ကြောင်း၊ ရမခတိုင်းစစ်ဌာနချုပ်၏ ပြည်သူ့စစ် G1 မှာမူ တိုင်းစစ်ဌာနချုပ်နှင့် AD မီးပွိုင့်ကြားထဲတွင်ပင် သေဆုံးကာ တိုက်ပွဲဝင်စည်းရုံးသင်တန်းကျောင်းမှ ဒုတိယကျောင်းအုပ်မှာမူ ဇူလိုင် ၂၇ ရက်နေ့ တိုက်ပွဲတွင် သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဖြစ်စဉ်တွေကတော့ ရှိဦးမှာ။ အခြေအနေတွေက ရှုပ်ထွေးနေတော့လေ ကျွန်တော်တို့ သေချာတဲ့ဟာ တကယ်လုံးဝ မုန့်ဟင်းခါးဖြစ်သွားတဲ့ စာရင်းကိုပဲ အတည်ပြုပြီးတော့ ပြောပေးတာပေါ့။ ရှိတာတော့ ရှိဦးမှာ ။ ကျန်တဲ့ အငယ်တွေကတော့ များလွန်းလို့ စာရင်းပြုစုဖို့ဟာကို အတော်ခက်နေတာ။ ထပ်တိုးတွေ လာဦးမှာပါ။ အများကြီးပဲ” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

လက်ရှိတွင် ​MNDAA တပ်များက လားရှိုးမြို့တော်ခန်းမ၊ ခလရ ၄၁၊ ခမရ ၅၀၇ ၊ အင်ဂျင်နီယာတပ်ရင်း ၊ အမှတ် ၉၅၉ ဆောက်လုပ်ရေး တပ်ခွဲ၊ အမှတ် ၉၁၂ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း၊ လားရှိုးမြို့လယ်ခေါင်၊ ရဲစခန်း၊ မူးယစ်ရဲတပ်ဖွဲ့၊ မီးသတ်ဌာန ၊ ဆေးရုံကြီး အပါအဝင် လားရှိုးမြို့လယ် နေရာများအားလုံးကို သိမ်းပိုက်ထားမှုများကို ဓာတ်ပုံ သက်သေများနှင့်တကွထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ပြောခွင့်ရ ဇော်မင်းထွန်းကမူ လားရှိုးမြို့ကို သိမ်းပိုက်နိုင်ပြီဟု ကြေညာထားမှုမှာ သတင်းအမှားသာဖြစ်ပြီး မဟုတ်မမှန် လုပ်ကြံ ဝါဒဖြန့်ခြင်းသာဖြစ်ကြောင်း “ဘူး” ခံ ငြင်းဆိုနေဆဲဖြစ်သည်။

ဓာတ်ပုံ- လားရှိုးမြို့ရှိ စစ်ကောင်စီ၏ အင်ဂျင်နီယာတပ်ရင်းနှင့် မူးယစ်ရဲတပ်ဖွဲ့ ဌာနရုံးကို သိမ်းပိုက်ထားသော MNDAA တပ်ဖွဲ့များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article