25 C
Yangon

အင်းစိန်ထောင်တွင် မင်းအောင်လှိုင် မွေးနေ့အဖြစ် နိုင်/ကျဉ်းများအပါအဝင် အကျဉ်းသားများကို သိုးနေသည့် ဟင်းများ ကျွေးမှု အကျဉ်းသားအရေအတွက် ရာဂဏန်းကျော် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေ

Must read

အင်းစိန်ထောင်တွင် မင်းအောင်လှိုင် မွေးနေ့အဖြစ် နိုင်/ကျဉ်းများအပါအဝင် အကျဉ်းသားများကို သိုးနေသည့် ဟင်းများ ကျွေးမှု အကျဉ်းသားအရေအတွက် ရာဂဏန်းကျော် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေ

ရန်ကုန်၊ ဇူလိုင် ၂၇

ရန်ကုန်တိုင်း၊ အင်းစိန်ဗဟိုအကျဉ်းထောင်တွင် ဇူလိုင်လ ၃ ရက်နေ့တွင် မင်းအောင်လှိုင်မွေးနေ့ အဖြစ် ထောင်အာဏာပိုင်များ အတင်းအဓမ္မကျွေးသည့် ကြက်သားနှင့် သိုးနံ့ထွက်နေသည့် ပဲဟင်း စားပြီးနောက်တစ်နေ့တွင် အကျဉ်းသား ၁၀၀ ကျော် ထောင်တွင်း ဝမ်းလျောဝမ်းပျက်ရောဂါ ကူးစက်မှုများဖြစ်ပေါ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

မင်းအောင်လှိုင် မွေးနေ့တွင် အိမ်မှ ပို့သည့် အစားအသောက်များကို စားသုံးခွင့်မပြုဘဲ အကျဉ်းသားများကို ကြက်သားနှင့်ပဲဟင်းကိုသာ ဖိအားပေးစားစေကြောင်း ၊ စားသောက်ရချိန်တွင် စားရသည့် ပဲဟင်းနှင့်ကြက်သားမှာ လတ်ဆက်ခြင်းမရှိဘဲ သိုးသည့် အနံထွက်နေခဲ့သဖြင့် အကျဉ်းထောင်ရှိ အကျဉ်းဦးစီးဝန်ထမ်းများကို နိုင်ငံရေးအကျဉ်းသားများက တင်ပြပြောဆိုခဲ့သော်လည်း လက်မခံဘဲ ထောင်မှကျွေးသည့် အစားအသောက်ကိုသာ စားသောက်ရမည်ဟု ပြောဆိုခဲ့ကြောင်း သိရှိရသည်။

“တကယ်ဆို အကျဉ်းထောင်‌တွေကနေ အကျဉ်းသားတွေကို လုံလောက်တဲ့ အစားအသောက် ကျွေးမွေးနိုင်ခြင်း မရှိပါဘူး။ ဒါကြောင့် မိသားစုတွေ ပို့တဲ့ ထောင်ဝင်စာကို အားပြုစားသောက်နေကြရတာ ဖြစ်ပါတယ်။ ထောင်အနေနဲ့ တစ်ပတ်ကို အသားဟင်း ကြက်၊ ဝက် ဟင်းလေးတုံးပဲ ကျွေးတယ်။တကယ်စားသောက်ရရင် ဟင်းလေးတုံးက နှစ်ရက်စားလိုက်ရင် ကုန်ပြီ။ကျန်ရှိတဲ့ ငါးရက်စာ စားသောက်ဖို့က မိသားစုပါဆယ်ကို အားပြုစားသောက်ရတာဖြစ်တဲ့အတွက် အခုလို ပါဆယ်ပို့ခွင့်မှာ ပို့ဆောင်သည့် အစားအသောက်တချို့ကို ကန့်သတ်ခြင်းဟာ အကျဉ်းသားတွေ လက်ရှိခံစားနေရတဲ့ ဝေဒနာကို ပိုပြီးခံစားရအောင်လုပ်နေခြင်းဖြစ်တယ်လို့ပြောချင်ပါတယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသားများသည် ထောင်မှကျွေးသော စားသောက်ရသည့် အစားအသောက်များ(ပဲဟင်း)အသိုးများကို ဖိအားပေးခံရပြီး စားသောက်ခဲ့ရ၍ ဇူလိုင်လ ၄ ရက်နေ့မှစ၍ အကျဉ်းသား/အကျဉ်းသူ ၁၀၀ ကျော် ဝမ်းပျက် ဝမ်းလျောရောဂါကို ခံစားခဲ့ရပြီး ထောင်တွင်း ဝမ်းလျောဝမ်းပျက်ရောဂါ ကူးဆက်မှုများဖြစ်ပေါ်ခဲ့သော်လည်း လုံလောက်သည့် ဆေးဝါးများပေးနိုင်ခြင်း မရှိခဲ့သည့်အတွက် ဇူလိုင်လ ၂၀ ရက်နေ့အထိ နေ့စဉ် အကျဉ်းသား ၅ ဦးမှ ၁၀ ဦး အထိ ကူးဆက်ရောဂါခံစားခဲ့ရကာ ဝမ်းပျက်ဝမ်းလျောရောဂါခံစားရသူ အနည်းဆုံး ၁၅၀ ဝန်းကျင်ခန့် ရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်၍ အင်းစိန်ထောင်အာဏာပိုင်များက သတင်းဖုံးထားသည့်အပြင် မိသားစုဝင်များပို့သည့် အစား အသောက်များကြောင့် ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်သယောင် ပြောဆို၍ မိသားစုပို့သည့်ထောင်ဝင်စာများကို ကန့်သတ်ခြင်းများကို ပြုလုပ်လာနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article