30 C
Yangon

သံတွဲ ၊ သူဌေးချောင်းဆည် စိုးရိမ်ရေမှတ် အနီရောင်အဆင့် ကျော်လွန်နေ၍ ရေစီးဆင်းရာလမ်းကြောင်းရှိ ကျေးရွာများ အမြန်ဆုံးရွှေ့ပြောင်းရန် AAက အရေးပေါ်သတိ ပေး

Must read

သံတွဲ ၊ သူဌေးချောင်းဆည် စိုးရိမ်ရေမှတ် အနီရောင်အဆင့် ကျော်လွန်နေ၍ ရေစီးဆင်းရာလမ်းကြောင်းရှိ ကျေးရွာများ အမြန်ဆုံးရွှေ့ပြောင်းရန် AAက အရေးပေါ်သတိ ပေး

ရန်ကုန်| ဇူလိုင် ၂၇

ရခိုင်ပြည် သံတွဲမြို့၊ “သူဌေးချောင်း ဆည်” သည် ယနေ့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်၊ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် တိုင်းတာချက်အရ စိုးရိမ်ရေမှတ် အနီရောင်အဆင့် ကို ကျော်လွန်လာနေပြီဖြစ်ကြောင်း အာရက္ခတပ်တော် AA က အရေးပေါ်သတိပေးချက် ထုတ်ပြန် သည်။

ယခုထက်ပိုမိုသော မိုးရေချိန်အမှတ်သို့ ရောက်ရှိလာနိုင်ရန် အလား အလာများကို တွေ့နေရသောကြောင့် ၎င်းဆည်နှင့် အနီးပတ်ဝန်းကျင်၊ ဆည်ကျရေစီးဆင်းရာလမ်းကြောင်းရှိ ရွာများအနေဖြင့် နီးစပ်ရာ ကုန်းမြင့်၊ ရေဘေးလွတ်ရာနေရာများသို့ “အမြန်ဆုံး” ချက်ချင်း ရွှေ့ပြောင်းပေးကြရန် AA က သတိပေးသည်။

ယခုရက်များအတွင်း ရခိုင်ဒေသအပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် အဆက်မပြတ် သည်းထန်စွာရွာသွန်းလျက်ရှိသော မိုးများကြောင့် မိုးရေ ချိန်အမှတ်သည် စိုးရိမ်ရေမှတ်ကို ကျော်လွန်နေပြီဖြစ်သည်။

လွန်ခဲ့သောရက်များ၏ မိုးရွာသွန်းမှု၊ မိုးရေချိန်အမှတ်များကြောင့် စိုးရိမ်ရေမှတ် ရောက်လာနိုင်သည့်အတွက် ကြိုတင်အသိပေးထားခဲ့ကြောင်းနှင့် ယနေ့တွင် စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်လာနေပြီဖြစ်သောကြောင့် ယခုကဲ့သို့ အရေးပေါ်ချက်ချင်းထုတ်ပြန်ရခြင်းဖြစ်သည်ဟု AA က ပြောသည်။

ဒေသခံပြည်သူများအနေဖြင့်လည်း ကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ပေးကြရန်ကိုလည်း AA က အလေးအနက် တိုက်တွန်းနေသည်။

ရခိုင်ပြည် တောင်ပိုင်းဒေသတွင် သံတွဲ၊ တောင်ကုတ်နှင့် ဂွမြို့နယ်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ရေကြီးရေလျှံနေသလို အမ်းမြို့နယ်တွင်လည်း ရေကြီးနေကြောင်း စုံစမ်းသိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article