27 C
Yangon

တောင်ပိုင်း စစ်ဒေသတွင် SOF တပ်ဖွဲ့၏ အပတ်စဥ် ၆ အထူးစစ်ဆင်ရေး သင်တန်းဆင်းပွဲ နှင့် တပ်ဖွဲ့ တည်ထောင်ခြင်း ၃ နှစ်ပြည့်အခမ်းအနား ပြုလုပ်

Must read

တောင်ပိုင်း စစ်ဒေသတွင် SOF တပ်ဖွဲ့၏ အပတ်စဥ် ၆ အထူးစစ်ဆင်ရေး သင်တန်းဆင်းပွဲ နှင့် တပ်ဖွဲ့ တည်ထောင်ခြင်း ၃ နှစ်ပြည့်အခမ်းအနား ပြုလုပ်

ရန်ကုန်၊ ဇူလိုင် ၂၇

တောင်ပိုင်း စစ်ဒေသတွင် SOF တပ်ဖွဲ့၏ အပတ်စဥ် ၆ အထူးစစ်ဆင်ရေး သင်တန်းဆင်းပွဲ နှင့် တပ်ဖွဲ့ တည်ထောင်ခြင်း ၃ နှစ်ပြည့်အခမ်းအနားကို ဇူလိုင်လ ၂၁ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် အလံတော်နှင့် ကျဆုံးရဲဘော်များကို အလေးပြုခြင်း၊ ကာကွယ်ရေးဝန်ကြီးဌာနမှပေးပို့သော သဝဏ်လွှာကို ဖတ်ကြားခြင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာန J2C အဖွဲဝင်လူကြီးများနှင့် တောင်ပိုင်းစစ်ဒေသ ဒုစစ်ဒေသမှူးရဲဘော်စောရှားမှ သင်တန်းဆင်း ဂုဏ်ပြုစကားများပြောကြားခဲ့ကြောင်း သိရှိရသည်။

ထို့နောက် တပ်ဖွဲမှုး ရဲဘော်အောင်စံရှားက သင်တန်းဆင်း မိန့်ခွန်းပြောကြားခဲ့ပြီး ထူးချွန်ရဲဘော်များကို ဆုချီးမြှင့်ခဲ့ကြောင်း၊ ရဲဘော်များမှ စစ်ရေးပြလှည့်လည် အလေးပြုခဲ့ကြပြီး ဒုတိယပိုင်းတွင် စစ်ဆင်ရေးသရုပ်ပြမှုများ ဆောင်ရွက်ခဲ့ကြကာ သင်တန်းဆင်းပွဲနှင့် တပ်ဖွဲ့ ၃ နှစ်ပြည့်အခမ်းအနား အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း သိရသည်။

SOF တပ်ဖွဲသည် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့တွင် စတင်ဖွဲစည်းခဲ့ပြီး ပြည်သူ့ ခုခံတွန်းလှန်စစ် စတင်သည့်အချိန်မှစ၍ မြို့ပြနှင့် ကျေးလက်စစ်ဆင်ရေးများစွာ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ မင်းအောင်လှိုင်၏ စစ်မှုမထမ်းမနေရ အကြမ်းဖက်စစ်သား စုဆောင်းခြင်းနှင့် အာဏာရှင် လက်အောက် စစ်မှုမထမ်းလိုသော လူငယ်လူရွယ်များ၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖြစ်ထွန်းရေးအတွက် အတူတကွ တော်လှန်တိုက်ပွဲဝင်လိုသော လူငယ်လူရွယ်များကို တပ်ဖွဲ့မှ နွေးထွေးစွာ လက်ခံကြိုဆိုလျှက် ရှိပါကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ – SOF က အသိပေး ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article