29 C
Yangon

မုံရွာမြို့ရှိ နမခ ဌာနချုပ်နှင့် စလင်းမြို့နယ်ရှိ စစ်စခန်း ၂ ခုကို လက်နက်ကြီး၊ ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

Must read

မုံရွာမြို့ရှိ နမခ ဌာနချုပ်နှင့် စလင်းမြို့နယ်ရှိ စစ်စခန်း ၂ ခုကို လက်နက်ကြီး၊ ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ ဇူလိုင် ၂၇

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ နမခ တပ် ဌာနချုပ်အတွင်းသို့ ရော့ကတ်၊ ဒရုန်းများဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ လျှပ်စစ်ခွဲရုံ ထိခိုက်ပျက်စီးမှုရှိကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇူလိုင်လ ၂၅ ရက် ညနေ ၄ နာရီခန့်က မုံရွာမြို့ရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ ဌာနချုပ် ထဲသို့ ရော့ကတ်များ၊ ဒရုန်းများဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်ဌာနချုပ်အတွင်းရှိ လျှပ်စစ်ခွဲရုံ ကို ထိခိုက်ပျက်စီးခဲ့ပြီး စစ်တိုင်းရုံး၊ နမခတပ်လေဆိပ် တို့အပါအဝင်တပ်ရင်းမီးလိုင်းများပြတ် တောက်သွားသွားခဲ့ကြောင်း၊ တပ်ဌာနချုပ်အတွက်အရေးပါသည့် စစ်တိုင်းရုံးနှင့် လေဆိပ်တို့ကို အလုံမြို့ ရပ်ကွက်များအတွင်းပေးသည့် မီးလိုင်းကို ဖြတ်ယူကာ အရေးပေါ် သုံးစွဲခဲ့သဖြင့် ရပ်ကွက် နေပြည်သူများ လျှပ်စစ်မီးရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။

“ရော့ကတ်ရယ်၊ ဒရုန်းရယ် အသုံးပြုတိုက်ခိုက်ခဲ့တာပါ။ တပ်ရင်းထဲမှာ မီးပျက်သွားတာလောက်ပဲ သိရတယ်၊ တခြားထိခိုက်ပျက်စီးမှုကတော့ မသိရဘူး။ လျှပ်စစ်ရုံးထိတော့ မီးပျက်သွားတယ်၊ လော လောဆယ်တော့ အဲဒါပဲသိရသေးတယ်၊” တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

အလားတူ မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော စခန်း ၂ ခုကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းစစ်အောင် (LPDF) တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၆ ရက်နေ့တွင် စလင်းမြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော ဆည်ကံနှင့် လင်းဇင်း စခန်းတို့ကို ဒေါင်းစစ်အောင် (LPDF) တပ်ဖွဲ့မှ ရဲဘော်များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဒေါင်းစစ်အောင် (LPDF) တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article