32 C
Yangon

ညောင်လေးပင်ခရိုင်အတွင်း မိုး အဆက်မပြတ် ရွာသွန်း၍ ကျေးရွာ ၂၄ ရွာ ရေနစ်မြုပ်နေပြီး ထောင်နှင့်ချီသောပြည်သူများ ဘေးလွတ်ရာ ရှောင်တိမ်းနေရ၊ စားနပ်ရိက္ခာ၊ ဆေးဝါး နှင့် အမိုးအကာများ အရေးပေါ် လိုအပ်နေ

Must read

ညောင်လေးပင်ခရိုင်အတွင်း မိုး အဆက်မပြတ် ရွာသွန်း၍ ကျေးရွာ ၂၄ ရွာ ရေနစ်မြုပ်နေပြီး ထောင်နှင့်ချီသောပြည်သူများ ဘေးလွတ်ရာ ရှောင်တိမ်းနေရ၊ စားနပ်ရိက္ခာ၊ ဆေးဝါး နှင့် အမိုးအကာများ အရေးပေါ် လိုအပ်နေ

ရန်ကုန်၊ ဇူလိုင် ၂၇

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း မိုး အဆက်မပြတ် ရွာသွန်း၍ ကျေးရွာ ၂၄ ရွာ ရေနစ်မြုပ်နေပြီး ထောင်နှင့်ချီသောပြည်သူများ ဘေးလွတ်ရာ ရှောင်တိမ်းနေရ၊ စားနပ်ရိက္ခာ၊ ဆေးဝါး နှင့် အမိုးအကာများ အရေးပေါ် လိုအပ်နေကြောင်း KNU ဗဟိုက ပြောဆိုသည်။

ညောင်လေးပင်ခရိုင်အတွင်းရှိ မူးမြို့နယ်၊ ဆောထိမြို့နှင့် လယ်ဒိုမြို့နယ်များတွင် မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့် လက်ရှိချိန်တွင် ကျေးရွာအနှံ့အပြား ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ကာ ကျေးရွာ ၂၄ ရွာမှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင် နေရခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိချိန်တွင်‌ ညောင်လေးပင်ခရိုင်အတွင်းရှိ မူးမြို့နယ်အတွင်းမှ တခေါ်ပွါ ၊ ဝေဆွဲ၊ ဝဲကြီး ၊ လူအ ၊ နံနမိတ် ၊ မိတ်သလင် ၊ အုန်းချစ်ကုန်း ၊ ရေတွင်းကုန်း ၊ တမာခေါ ၊ ဟောခို့ဂေါ် ကျေးရွာများ ၊ ဆောထိမြို့နယ် အတွင်းမှ ပျဉ်ရေ ၊ ဝိုင်ကျွန်း ၊ အောဖလား ၊ ထမင်းရုံ ၊ အင်းဂနီ ၊ ကျောက်တန်း၊ ဆုန်ကုံး၊ ဆုန်တွဲ ကျေးရွာ များနှင့် လယ်ဒိုမြို့နယ်အတွင်း၌ ပဒဲကော ၊ ဘောကထာ၊ ကော်သာစေ ၊ မဘီကြီး ၊ မဘီးလေး၊ ငဖယ်အင်း ကျေးရွာများအတွင်း ရေကြီး ရေလျှံ မှုများ ဖြစ်ပေါ် လျှက်ရှိပြီး လမ်ပန်းဆက်သွယ်မှုအခက်အခက်ကြောင့် စာရင်းအတိအကျ ကောက်ခံ နိုင်ရန် ကျန့်ကြာလျှက်ရှိကြောင်း သိရှိရသည်။

အဆိုပါ ကျေးရွာများမှ ပြည်သူများသည် လက်ရှိချိန်တွင် စားနပ်ရိက္ခာ၊ ဆေးဝါး နှင့် အမိုးအကာများလည်း အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရသည်။

ရေကြီးရေလျှံမှုများကြောင့် ပြည်သူလူထုများ စိုက်ပျိုထားသော လယ်ယာများ၊ လမ်းတံတားများ၊ ပြည်သူလူထု ပိုင်ဆိုင်သော ပစ္စည်းဥစ္စာများမှာ ပျက်စီးဆုံးရှုံးခဲ့ကြရသည့်အပြင် လယ်ဒိုမြို့နယ် လယ်ဝါးကျေးရွာ အတွင်း၌လည်း လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ပြည်သူလူထုပိုင်နေအိမ်အမြောက်အများ ထိခိုက်ပျက်စီးခဲ့ရကြောင်း KNU ဗဟိုက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article