26 C
Yangon

မှော်ဘီမြို့နယ် ထွေအုပ်ရုံးကို ချိန်ကိုက်မိုင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

Must read

မှော်ဘီမြို့နယ် ထွေအုပ်ရုံးကို ချိန်ကိုက်မိုင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

ရန်ကုန်၊ ဇူလိုင် ၂၇

ရန်ကုန်တိုင်း၊ မှော်ဘီမြို့၊ မှော်ဘီမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ချိန်ကိုက်မိုင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒုခေါင်းဆောင်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇူလိုင်လ ၂၇ ရက်နေ့ ည ၇ နာရီ ၃၅ မိနစ်ခန့်တွင် မှော်ဘီမြို့နယ် ထွေအုပ်ရုံး၌ တပ်စွဲနေထိုင်သော အကြမ်းဖက် စစ်သားများကို အားပြင်းမြင့် ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိပြီး လမ်းပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

“မိုင်းကလည်း ၃ လုံးစလုံးအောင်တယ်၊ ထိထိရောက်ရောက်လည်းဖြစ်ခဲ့တယ်။ လတ်တလောတော့ ၃ ယောက်ထိတယ်လို့ကြားတယ်၊ ပေါက်ကွဲမှုက အသံကို ဟိန်းနေတာပဲ ဒီမစ်ရှင်ကိုလည်း တစ်လနီး ပါးကြိုတင်စီစဉ်ပြီးမှ လုပ်ခဲ့တာ ထိထိရောက်ရောက်ဖြစ်အောင်လုပ်ဖို့လည်း မြေပြင်ရဲဘော်တွေကို ပြောထားတယ်။ အရင်ပွဲတွေကတော့ မိုင်းက Error ဖြစ်တာမျိုးတွေရှိတယ်။ အခုကမိုင်းက ၃ လုံးစလုံး အောင်တယ်” ဟု မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒုခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြောက်ဥက္ကလာပ (ပကဖ) ရဲဘော်များက ပြုလုပ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဘေးကင်းလုံစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article